Latest News

Tuesday, September 5, 2017

ဆင်သတ်မှုများတွင်ဒေသခံများပါဝင်နေသည်ဟု ငပုတောရဲမြို့နယ်ရဲတပ်ဖွဲ့ မှူးပြော

ဆင်သတ်မှုများတွင်ဒေသခံများပါဝင်နေသည်ဟု ငပုတောရဲမြို့နယ်ရဲတပ်ဖွဲ့ မှူးပြော

 ဆင်များသေဆုံးနေမှုအပေါ် လက်ရှိအမှုဖြစ်စဉ်များနှင့်သက်သေခံများ၏ စစ်ဆေးပေါ်ပေါက်ချက်အရ ဒေသခံများပါဝင်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုတောမြိုယ်နယ် နယ်မြေခံရဲတပ်ဖွဲ့ မှူး ဦးသန်းမြင့်ကပြောသည်။

"သတင်းရတာကတော့အခြားဒေသကသူတွေ ကပဲဒီနယ်ထဲဝင်လာပြီး ဆင်တွေကိုလိုက်သတ်နေသလိုနဲ့ အမှန်တော့ဘယ်သူ့ကမှလာပြီး ဒီကာကွယ်စောင့်ရှောက်ထားတဲ့တောဆင်ရိုင်းတွေကို လိုက်ပစ်နေတာမဟုတ်ပါဘူး ဒေသခံရွာသားများကသာ နယ်ဘက်မှရှိတဲ့ဝယ်လက်ကြီးတွေနဲ့ ပူးပေါင်းပြီးဆင်တွေကိုသတ်နေတာပါ “ဟု ၄င်းကပြောသည်။

မြို့ နယ် ရဲတပ်ဖွဲ့ မှူးအနေဖြင့်တာဝန်ထမ်းဆောင်စဉ် ဆင်သတ်မှုများဖော်ထုတ်ဖမ်းဆီးရာတွင် ဒေသခံများ အများစု ပါဝင်နေကြောင်းကိုလည်း၎င်းကဆက်ပြောသည်။

တရားခံဟုယူဆရသော သက်သေများ၏ထွက်ဆိုချက်အရ တောဆင်ရိုင်းများကို၎င်းတို့ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီးနယ်မှဝယ်လက်များသို့ ဆင်အရေးခွံတစ်ပိသာအား မြန်မာငွေကျပ်ငါးသောင်းနှင့်အသားကြက်ကင်ပြီးတစ်ပိသာအား မြန်မာငွေကျပ်သုံးသောင်းဖြင့်ရောင်းချကြသည်ဟု ဆိုသည်။

ဆင်အဆွယ်နှင့်အခြားတန်ဖိုးရှိအရာများကိုလည်းအချိန်နှင်ရောင်းချနိုင်ပြီးဆင်တစ်ကောင်လုံးဆင်စွယ်မပါဝင်ပဲရောင်းချရငွေမှာ မြန်မာကျပ်ငွေ သုံးသိန်းခန့် ရှိသည်ဟု ရဲမှူးကပြောသည်။

ငပုတောမြို့နယ်အတွင်း၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ ယနေ့အထိတောင်ရိုင်းဆင်သေဆုံးမှု၎မှုဖြစ်ပွားခဲ့ရာတရားခံဟုယူဆရသူ(၁၄)ဦးကို ရဲတပ်ဖွဲ့ ကတရားရုံးတင်အမှုဖွင့်တရားစွဲဆိုနိုင်ခဲ့ သည်။

ဆင်သတ်သည်ဟုယူဆရသည့်တရားခံများကိုသဘာဝအပင်များကာကွယ်ရေးနှင့်သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ၃၇(က) သေစေနိုင်သောက်သည့်လက်နက်များလက်ဝယ်ထားရှိမှု ဥပဒေပုဒ်မ ၁၉(စ)စသည့်ပဒေပုတ်မများဖြင့် ရဲတပ်ဖွဲ့ ကတရားစွဲဆိုနေပြီးဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ အနေဖြင့်လည်း စီမံချက်များရေးဆွဲကာဖမ်းဆီးအရေးယူမှုများပြုလုပ်နေသည်။
Writer  ထက်ဝဠာမင်း

No comments:

Post a Comment