Latest News

Tuesday, September 5, 2017

ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ ရာမှာ လူတစ်ဦး သေဆုံး

ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ ရာမှာ လူတစ်ဦး သေဆုံး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ပန်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိရာမှ  လူတစ်ဦးသေဆုံးခဲ့သည်ဟု ဇင်းကျိုက်ရဲစခန်း မှတာဝန် ရှိသူတစ်ဦးကပြောသည်။

 ဖြစ်စဉ်မှာ စက်တင်ဘာ ၄ရက်၊ ည ၈ နာရီခန့်က  တံတားအမှတ်(၂/၁၆၆)အနီး တွင် ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသောကားနှင့်မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ မှာလမ်းအလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ ခြင်းဖြစ်သည်ဟု ရဲစခန်းကသတင်းထုတ်ပြန်သည်။

ယဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ မှာ ဒဏ်ရာများဖြင့်သေဆုံးခဲ့ ပြီး ကားပေါ်တွင်ပါလာသော သူ ငါးဦးခန့် မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ ခြင်းမရှိပါ။

အဆိုပါယဉ်တိုက်မှုကြောင့် ယဉ်မောင်း (၂)ဦးအား ပေါင်မြို့မရဲစခန်းမှ ယာဉ်(ပ)၅၉/၂၀၁၇ ရာဇ သတ်ကြီးပုဒ်မ-၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဟံသာနွန်

No comments:

Post a Comment