Latest News

Wednesday, July 12, 2017

မြန်မာနိုင်ငံတဝှမ်းမှာ ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမယ့် Iron Cross အဖွဲ့

မြန်မာနိုင်ငံတဝှမ်းမှာ ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမယ့် Iron Cross အဖွဲ့

ပွင့်လင်းရာသီရောက်တာနဲ့ စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

” Rock with Shell Advance”  လို့ နာမည်ပေးထားတဲ့ Iron Cross အဖွဲ့ရဲ့ ဖျော်ဖြေပွဲတွေကို မြန်မာနိုင်ငံ တဝှမ်းမှာ ပြုလုပ်သွားဖို့ ရှိပါတယ်။
IC  ရှိုးပွဲများကို ပွင့်လင်းရာသီရောက်တာနဲ့ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

TA Resources Myanmar ကုမ္ပဏီအနေနဲ့ Iron Cross အဖွဲ့နဲ့ ပူးပေါင်းပြီး ကျင်းပတဲ့ ဒီပွဲကို အခမဲ့ ကြည့်ရှုနိုင်မယ့် အခွင့်ရေးတွေလည်း ရှိပါသေးတယ်။

အဲ့ဒါကတော့ ဇူလိုင်လကနေ စတင်ပြီး မ်ာတော်ယာဉ်ငယ်သုံး Shell Helix (၄လီတာနှင့် ၆လီတာ) ဗူးများ၊ လုပ်ငန်းသုံး Shell Rimulia (၅လီတာနှင့် ၆လီတာ) ဗူးများကို IC ရှိုးပွဲ လက်မှတ်(၁)ဆောင်နဲ့ လဲလှယ်နိုင်တယ်လို့ သိရပါတယ်။

IC ရှိုးပွဲများကို လာမယ့် စက်တင်ဘာ(၂၃)ရက်နေ့ကစပြီး မန္တလေးမြို့တွင် စတင်ကျင်းပသွားမှာ ဖြစ်ပြီး တော့ ဂီတဖျော်ဖြေပွဲဝင် ခွင့်လက်မှတ်များကို ပွဲမစခင် နှစ်ပါတ်အလို စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍  TA Resource Myanmar ၏မန္တလေးရုံးခွဲနဲ့ ကုမ္ပဏီက ရွေးချယ်သတ်မှတ်ထားတဲ့ တရားဝင်အရောင်းဆိုင် (၁၀)ဆိုင်မှာ လဲလှယ်နိုင်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီးတော့လည်း IC ရှိုးပွဲများကို မြန်မာနိုင်ငံတဝှမ်းရှိ မြို့ကြီးများဖြစ်တဲ့ ရန်ကုန်၊ ပြည်၊ တောင်ကြီး စတဲ့ မြို့ကြီးများမှာလည်း ယခုနှစ်ကုန်ပိုင်းလောက်မှာ စတင်ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
Duwun

No comments:

Post a Comment