Latest News

Tuesday, July 11, 2017

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပခုက္ကူမြို့နယ်တွင် ယာယီရေရှောင်စခန်း ဖွင့်လှစ်ထားရ

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပခုက္ကူမြို့နယ်တွင် ယာယီရေရှောင်စခန်း ဖွင့်လှစ်ထားရ


ပခုက္ကူမြို့နယ်၊ ညောင်ပင်အုပ်စု၊ ဥယျာဉ် ကျေးရွာတွင် ဧရာဝတီမြစ်ရေ မြင့်တက် လာမှုကြောင့် ရွှေ့ပြောင်းလာသူများ အတွက် ယာယီရေရှောင် စခန်း ကို ဇူလိုင် ၁၁ ရက် နံနက် ၁၁ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာယီရေရှောင် စခန်းကို ရှားပင်၊ နှုံးပို့၊ သဖန်းပင်ကျေးရွာတို့မှ ယာယီရေရှောင် နေထိုင်ကြမည်ဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ပခုက္ကူခရိုင်ရုံးနှင့် ဒေသခံ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယာယီတဲ အလုံး ၂ဝ တည်ဆောက်ပေးထားကာ လူဦးရေ ၃၃ဝ ခန့် နေထိုင်နိုင်ကြောင်း သိရသည်။

အဆိုပါ ယာယီရေရှောင်စခန်းသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၊ ခရိုင်ကျန်းမာရေး ဦးစီးဌာန မှူး ဒေါက်တာမြတ်မြတ်မိုး၊ ခရိုင်ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှူး ဦးနေဝင်းတို့က လိုအပ်ချက် များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးသည်။

ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်သည် ၂၁၅ဝ စင်တီမီတာ (၇ဝ ဒသမ ၅ ပေ) ဖြစ်ပြီး ယနေ့ မွန်းလွဲ ၂ နာရီ တိုင်းထွာချက်အရ ၂၁ဝ၇ စင်တီမီတာ (၆၉ ဒသမ ၁ ပေ )သို့ ရောက်ရှိနေကြောင်း သိရသည်။ မြစ်ရေဝင်ရောက် လျက်ရှိသော ကျေးရွာအချို့တွင် ကျောင်းများ ယာယီပိတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။

The Ladies News

No comments:

Post a Comment