Latest News

Wednesday, July 12, 2017

နေကောင်းလာပြီ ဆိုတဲ့ ခိုင်နှင်းဝေ

နေကောင်းလာပြီ ဆိုတဲ့ ခိုင်နှင်းဝေ

သူငယ်ချင်း မိတ်ဆွေတွေ စိတ်ပူနေကြမှာ စိုးလို့ ပြောလိုက်တာပါတဲ့။

ခိုင်နှင်းဝေကတော့ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှု ခံယူနေရတာက ယခုဆိုရင် နေပြန်ကောင်းလာပြီလို့ ဆိုပါတယ်။
အသားလုံး (Mayoma) ကြောင့် ဇူလိုင်(၈)ရက်နေ့က ဆေးရုံတက်ခဲ့ရပြီး ဇူလိုင်(၉)ရက်နေ့ နံနက်ပိုင်းမှာ ခွဲစိတ်ကု သမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။

ခွဲစိတ်ကုသမှု မလုပ်ခင် ဇူလိုင်(၈)ရက်နေ့ကတည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။
"ကျန်းမာရေးဘက်တလှည့်လှည့်လိုက်အုံးမယ်။ ဒီညဆေးရုံတက် နက်ဖြန်ခွဲခန်းဝင်ရမှာမို့ ကြောက်နေပေမယ့် သူတို့တွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်မအားရှိပါတယ်ရှင့်" လို့ ဆိုပါတယ်။
play

ခွဲစိတ်မှု လုပ်မယ့် သူမအတွက်ကိုလည်း ပရိသတ်တွေက အားပေးစကားတွေ ဆိုထားပါသေးတယ်။ သူမရဲ့ သူငယ်ချင်းနဲ့ မိတ်ဆွေတွေ စိတ်ပူနေကြမှာစိုးတဲ့အတွက် ဖေ့စ်ဘွတ်ကနေ သူမနေပြန်ကောင်းလာပြီ ဖြစ်ကြောင်းနဲ့ ဆုတောင်းပေးကြတဲ့ သူများအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဇူလိုင် (၁၁)ရက်နေ့ ညက ရေးသားထားပါတယ်။

ဒီနေ့(ဇူလိုင်၁၂ရက်)မှာတော့ ခိုင်နှင်းဝေက လမ်းစလျှောက်နေပြီလို့ သိရပါတယ်။ သူမဆီသို့ အနုပညာရှင်တချို့က သွားရောက်အားပေး ခဲ့ကြပါသေးတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ဆေးရုံက ဆင်းတာနဲ့ ပရဟိတလုပ်ငန်းတွေရော အနုပညာအလုပ်တွေပါ အခုထပ်ပိုပြီး အားတတ်သရော လုပ်ဆောင်သွားပ့ါမယ်ဆိုပြီး ပြောပြထားပါသေးတယ်။
Photo : ခိုင်နှင်းဝေ ဖေ့စ်ဘွတ်
Duwun

No comments:

Post a Comment