Latest News

Monday, July 3, 2017

ပြင်သစ်သမ္မတကို တိုက်ခိုက်ရန်ကြံစည်နေကြောင်း သံသယရှိသူကို ဖမ်းဆီး

ပြင်သစ်သမ္မတကို တိုက်ခိုက်ရန်ကြံစည်နေကြောင်း သံသယရှိသူကို ဖမ်းဆီး

သမ္မတမက်ခ်ရွန်ကို တိုက်ခိုက်ရန်ကြံစည်နေကြောင်း သံသယရှိသူ အသက် ၂၃ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးထားပါတယ်။

ပြင်သစ်အမျိုးသားနေ့ ချီတက်ပွဲအခမ်းအနားမှာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခ်ရွန်ကို တိုက်ခိုက်ရန်ကြံစည်နေမှုဖြင့် သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
လာမယ့် ဇူလိုင်လ ၁၄ ရက်မှာ ကျရောက်မယ့် ပြင်သစ်အမျိုးသားနေ့ (Bastille Day) ချီတက်ပွဲအခမ်းအနား ကျင်းပနေစဉ်အတွင်း သမ္မတမက်ခ်ရွန်ကို တိုက်ခိုက်ရန်ကြံစည်နေကြောင်း သံသယရှိသူ အသက် ၂၃ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ယနေ့ (ဇူလိုင်လ ၃ ရက်) သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ အမျိုးသားဟာ ကိုယ့်ကိုယ်ကိုယ် အမျိုးသားရေးဝါဒီအဖြစ် ခံယူထားသူဖြစ်ပြီး လက်ရှိမှာ ၎င်းကို စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။ ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားဟာ အွန်ုလိုင်းမှ ဗီဒီယိုစကားပြော ဆက်သွယ်မှုတစ်ခုမှာ ကလက်ရှ်နီကော့ဗ် အမျိုးအစား သေနတ်တစ်လက် ဝယ်ယူလိုကြောင်း စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း အတည်ပြု သိရှိခဲ့ရတယ်လို့ ပြင်သစ်ရေဒီယိုသတင်းဌာန RMC က ပြောပါတယ်။

၎င်းကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုအတွင်း အဆိုပါ အမျိုးသားက ကိုယ့်ကိုယ်ကိုယ် အမျိုးသားရေးဝါဒီဖြစ်ကြောင် ထွက်ဆိုခဲ့ပြီး လူမည်းများ၊ အာရပ်များ၊ ဂျူးများနဲ့ လိင်တူဆက်ဆံသူတွေကို ပုတ်ခတ်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

RMC ရေဒီယိုသတင်းရဲ့ အဆိုအရ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူဟာ အလုပ်လက်မဲ့ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ရှိခဲ့ကြောင်းနဲ့ ၂၀၁၆ ခုနှစ်မှာ အကြမ်းဖက်မှုကို အားပေးထောက်ခံတဲ့ မှတ်ချက်ပေးပြောကြားမှုတွေကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးကြောင်း RMC ရေဒီယိုသတင်းက ပြောပါတယ်။

Champs Elysees လမ်းမတစ်လျှောက် ပြုလုပ်သွားမယ့် ပြင်သစ်နိုင်ငံရဲ့ ယခုနှစ် အမျိုးသားနေ့အထိမ်းအမှတ် ချီတက်ပွဲ အခမ်းအနားကို ပုံမှန်ထက် လုံခြုံရေးပိုမိုတင်းကျပ်သွားဖွယ်ရှိပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လည်း အဆိုပါ အခမ်းအနားမှာ ရောက်ရှိရှိနေနိုင်ကြောင်း သိရပါတယ်။

ပြင်သစ်နိုင်ငံမှာ ၂၀၀၂ ခုနှစ်က အမျိုးသားနေ့ချီတက်ပွဲ အခမ်းအနား ကျင်းပနေစဉ် မက်ဇီမီဘရူနီ အမည်ရှိ နာဇီလက်သစ်တစ်ဦးက ထိုစဉ်က ပြင်သစ်သမ္မတ ဂျက်ကေးချီရက်ကို သေနတ်ပစ်ပြိုင်ပွဲတွေမှာ အသုံးပြုတဲ့ ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်အတွင်း သမ္မတချီရက် ဒဏ်ရာမရခဲ့ကြောင်း သိရပါတယ်။
Duwun

No comments:

Post a Comment