Latest News

Monday, July 3, 2017

မန်းစည်ပင်က အဓိကကျဝန်ထမ်းများ ပြောင်းလဲခန့်ထား

မန်းစည်ပင်က အဓိကကျဝန်ထမ်းများ ပြောင်းလဲခန့်ထား

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှာ အဓိကကျတဲ့ ရာထူးနေရာဖြစ်တဲ့  မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ရာထူးနေရာတချို့မှာ  တာ ဝန် ထမ်းဆောင်နေသူတွေကို  ဇွန် ၃၀ ရက် က စပြီး ပြောင်းလဲခန့်ထားလိုက်ပါတယ်။

စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်က အုပ်ချုပ်ရေးမှူးတွေအဖြစ်  အောင်မြေသာ စံမြို့နယ် မှာ ဦးရဲကျော်စွာ၊  ချမ်းအေးသာစံ မြို့နယ်မှာ ဦးရဲထွန်းလင်း၊ ချမ်းမြသာစည်  မြို့နယ်မှာ ဦးအောင်အောင်၊ မဟာအောင် မြေမြို့နယ်မှာ ဦးဇော်ဝင်းနိုင်၊ ပြည်ကြီး တံခွန်မြို့နယ်မှာ ဦးဝင်းနိုင်နဲ့ အမရပူရမြို့နယ် မှာ ဦးထွန်းလင်းစိုး တို့ကို ပြောင်းလဲခန့် ထားတာ ဖြစ်ပါတယ်။

ဇွန်လ ၂၆ ရက်က မန္တလေးမြို့ရှိ   မြို့မိ မြို့ဖလူကြီးတွေ ၊ မြို့နယ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပါတီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က “ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ အတိုင်း  မြို့တော်စည်ပင်က လုပ်ငန်းတွေကို တိုးတက်အောင်မြင်အောင် ပြောင်းလဲ လုပ်ကိုင်နေပြီ ဖြစ်တယ်၊ ဒီလိုလုပ်ဆောင်ရာမှာ  ပြည်သူလူထုနဲ့ တိုက်ရိုက်ထိ တွေ့ ပြီး အကျိုးဆောင်နေရတဲ့ မြို့နယ်အုပ်ချုပ်  ရေးမှူး (စည်ပင်) တွေက အဓိကကျတယ်၊ တကယ် အလုပ်လုပ်မယ့်သူတွေကို အစား ထိုးခန့်ထားမယ်”လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့နယ်အုပ်ချုပ်ရေးမှူးအပြင် တခြားအဓိက ကျတဲ့ ရာထူးနေရာတွေမှာလည်း လူသစ်တွေ ပြောင်းလဲ အစားထိုး တာဝန်ပေးတာ၊ ဝန်ထမ်းတွေထဲက ထိုက်တန်သူ အလုပ်ကြိုးစားသူတွေကို  ရာထူးတိုးမြှင့် ပေးတာတွေကိုလည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Kumudra

No comments:

Post a Comment