Latest News

Monday, July 3, 2017

သတင်းထောက်သုံးဦး ဖမ်းဆီးခံရခြင်းသည် သက်ဆိုင်ရာသို့ အကြောင်းမကြားသော ပေါ့လျော့မှုကြောင့်ဖြစ်နိုင်ဟု ဦးဝင်းထိန်ပြော

သတင်းထောက်သုံးဦး ဖမ်းဆီးခံရခြင်းသည် သက်ဆိုင်ရာသို့ အကြောင်းမကြားသော ပေါ့လျော့မှုကြောင့်ဖြစ်နိုင်ဟု ဦးဝင်းထိန်ပြော

မတရားအသင်းဆက် သွယ်မှုဥပဒေဖြင့် အမှုဖွင့်ခံထားရ ပြီး သီပေါအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည့် ဒီဗီဘီ နှင့် ဧရာဝတီသတင်းဌာနတို့မှ သတင်းထောက်သုံးဦးသည် ပေါ့ လျော့ပြီး ရဲတပ်ဖွဲ့(သို့မဟုတ်)တပ်ကို အကြောင်းမကြားဘဲ သွား ရောက်ခဲ့၍ ဖမ်းဆီးခံရခြင်းဖြစ် နိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအတွင်းရေးမှူးအ ဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

သတင်းထောက်များဖမ်းဆီး ခံရခြင်းသည် မတရားအသင်း ဆက်သွယ်မှုဥပဒေဖြင့် ငြိစွန်း သည်ဟု ယူဆပါသလားဟုမေး မြန်းရာ ဦးဝင်းထိန်က ဖြေကြား ခြင်းဖြစ်သည်။

‘‘ကိုယ်တို့    Peace Commission မှာ ဥက္ကဋ္ဌ ဒေါက် တာတင်မျိုးဝင်း၊ အဖွဲ့ဝင်တွေ ရှိ တယ်။ ကိုအောင်စိုးတို့၊ နိုင်ငံလင်းတို့ရှိတယ်။ Peace Commission ဟာ တရားဝင်ဖွဲ့ပြီးတော့မို့ ဒီ ပုဂ္ဂိုလ်တွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်ဆံတာ ဘာမှ ပြဿနာမရှိဘူး။ ကိုယ်က ပါတီမှာ   အကြီးအကဲဆိုသော် လည်းပဲ အဲဒီအဖွဲ့တွေနဲ့ တိုက် ရိုက်မဆက်ဆံဘူး။ လုံးဝမဆက် ဆံဘူး။ ဆက်ဆံရင် ဥပဒေနဲ့ငြိ မယ်။ ကိုယ်ပါ ၁၇(၁) ဖြစ်သွား မယ်။ ဒါကြောင့်မို့လို့ ကိုယ်ပါ သူတို့နဲ့ မဆက်ဆံဘူး။ အဲဒီလို ဆက်ဆံဖို့ Connect လုပ်နေတဲ့ သူတွေအများကြီးပဲ။ ဒါပေမဲ့ ဥပ ဒေသိတယ်။ ဥပဒေသိလို့ မဆက် ဆံဘူး။ ဒီကလေးတွေက ပေါ့လို့ လား၊ အလျင်လိုသလို ဖြစ်လို့ လား၊ သွားလို့ ဒီလိုဖြစ်တာ။ အမှန်က သူတို့လုပ်သင့်တာက သက်ဆိုင်ရာ ရဲစခန်းကိုသော်လည်း ကောင်း၊ တပ်ကိုလည်းကောင်း ကျွန်တော်တို့သွားမယ်ဗျာ  (အကြောင်းကြားသင့်သည်ဟု ဆိုလို ရင်းဖြစ်သည်)၊ ခွင့်တောင်းစရာမလိုဘူး။ သွားလိုက်။ အဲဒီလိုမလုပ်ဘူးနဲ့တူတယ်’’ ဟု ဆိုသည်။

ဇူလိုင် ၂ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မန္တလေး တိုင်းဒေသကြီးပါတီ၊ အစိုးရ၊ လွှတ်တော်တွေ့ဆုံပွဲအပြီးတွင် ဦးဝင်းထိန်ကို သတင်းထောက် များ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံ ထားရခြင်းနှင့်ပတ်သက်၍ လက်ရှိအာဏာရပါတီ၏သဘောထား ကို သတင်းထောက်များက မေး မြန်းရာ ဦးဝင်းထိန်က တိကျ သည့် မှတ်ချက်မပေးဘဲ ၎င်းကိုယ် တိုင် ၁၇(၁) ဖြင့် ဖမ်းဆီးခံရဖူး ကြောင်း ပြောသည်။ ထို့အပြင် သတင်းထောက်များ ဖမ်းဆီးခံရ သည့်အပေါ် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က မည်သို့မှတ်ချက်ပေးပါ သလဲဟု မေးမြန်းရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏သ ဘောထားကို မသိကြောင်းနှင့် သတင်းထောက်များဖမ်းဆီးခံရမှု ဒေါ်အောင်ဆန်းစုကြည်ကို မပြောရသေးကြောင်း၎င်းကဆိုသည်။

‘‘မီဒီယာဆိုတာကိုတော့ ကျွန်တော်တို့အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အားလုံးလိုလိုက ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသလို သဘောထားတယ်။ ဘာလို့လဲ ဆိုရင် ကျွန်တော်တို့ပြောတဲ့ဟာ တွေကို ခင်ဗျားတို့က ပြန်ပြောမှ ပြည်သူလူထုက သိမှာ။ အလားတူပဲ၊ ကျွန်တော်တို့ရှိမှ ခင်ဗျား တို့က ရေးစရာတွေရမှာ။ အဲဒီတော့ ကျွန်တော်တို့ပြောတာကို လည်း ခင်ဗျားတို့ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်။ ခင်ဗျားတို့ ကိုလည်း ကျွန်တော်တို့က ဖြောင့် ဖြောင့်မတ်မတ် ပြောဖို့ တာဝန်ရှိ တယ်။ ဒီလိုသဘောထားလေး တော့ ကြုံတုန်းပြောပါရစေ’’ဟု ဦးဝင်းထိန်က ပြောသည်။
7Day News

No comments:

Post a Comment