Latest News

Thursday, July 6, 2017

"မန်ယူက လူကာကူကို ပေါင် ၇၅ သန်းနဲ့ ၀ယ်ပြီ"

"မန်ယူက လူကာကူကို ပေါင် ၇၅ သန်းနဲ့ ၀ယ်ပြီ"

ပရီးမီးယားလိဂ် ထိပ်သီး မန်ယူအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အဲဗာတန်ရဲ့ ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူကို ပေါင် ၇၅သန်းအထိပေးဖို့ နှစ်ဖက်အသင်းအကြား သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၄နှစ် အရွယ်သာရှိသေးတဲ့ လူကာကူဟာ ချယ်လ်ဆီးအသင်းက ပြန်လည်ခေါ်ယူ ဖို့ စိတ်ဝင်စားနေသူဖြစ်ပြီး မန်ယူက မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းမှုကို အဲဗာတန်က လက်ခံခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ ချယ်လ်ဆီးနည်းပြအဖြစ် မော်ရင်ညိုင် ကိုင်တွယ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက အဲဗာတန်ကို ပေါင် ၂၈သန်းနဲ့ ရောင်းချခဲ့ဖူးသူဖြစ်ပြီး မော်ရင်ညိုက မန်ယူမှာ တစ်ကျော့ပြန် လက်တွဲဖို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မန်ယူဟာ ရီးယဲယ်ရဲ့ မိုရော့တာကို ဒီနှစ် နွေရာသီတစ်လျောက်လုံး ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရီးယဲယ်က ပေါင် ၇၈သန်းအထိ အလိုရှိ နေတာကြောင့် လူကာကူကို ပြောင်းလဲ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ မန်ယူဟာ လက်ရှိပေါ့ဘာ၊ အီဘရာဟီမိုဗစ်၊ မစ်ဒါတာရီယန်တို့ရဲ့ အေးဂျင့်ဖြစ်တဲ့ မီနို ရီအိုယာရဲ့ ကစားသမားလည်းဖြစ်လို့ မန်ယူက ပြိုင်ဖက်တွေကို ကျော်ပြီး လွယ်လွယ်ကူကူခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူရဲ့ သမိုင်းတစ်လျောက် ဂိုးအများဆုံးသွင်းထားတဲ့ ရူနီ ကတော့ သူငယ်ငယ်ကတည်းက အားပေးလာခဲ့တဲ့ အဲဗာတန်ကို ပြန်လည်ပြောင်းရွှေ့မှာဖြစ်ပြီး နံပါတ် ၁၀ ၀တ်ဆင်ကစားမှာ ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေပါတယ်။ အဲဗာတန်ဟာ လူကာကူကို မန်ယူကို ရောင်းချပြီးနောက် အာဆင်နယ်ရဲ့ ဂျီရူးကို ပေါင်သန်း ၂၀ပေးပြီး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

"လူကာကူရဲ့ ပရီးမီးယားလိဂ် မှတ်တမ်း"

၁) ၂၀၁၁ သြဂုတ်လမှာ ဘယ်ဂျီယံ ကလပ် အန်းဒါးလက်ခ်ျကနေ ယူရို ၁၂သန်းနဲ့ ချယ်လ်ဆီးကိုပြောင်းခဲ့။ ချန်ပီယံလိဂ်ရခဲ့။  စုစုပေါင်း ၁၂ပွဲကစားပြီး ဂိုးမသွင်းနိုင်ခဲ့။
၂) ၂၀၁၂ သြဂုတ်လမှာ ၀က်စ်ဘရွန်းကို တစ်ရာသီ အငှားကစားခဲ့။ စုစုပေါင်း ၃၅ပွဲမှာ ၁၇ဂိုးသွင်းခဲ့။
၃) ၂၀၁၃-၁၄မှာ ချယ်လ်ဆီးကို အငှားကနေပြန်ခဲ့။ ၃ပွဲကစားပြီး ဂိုးမသွင်းခဲ့။
၎) ၂၀၁၃-၁၄ ရာသီမှာပဲ အဲဗာတန်ကို အငှားသွားကစားခဲ့။ ၃၃ပွဲမှာ ၁၆ဂိုးသွင်းခဲ့။
၅) ၂၀၁၄-၁၅ရာသီမှာ အဲဗာတန်ကို ကလပ်စံချိန်တင်ကြေး ပေါင် ၂၈သန်းနဲ့ ပြောင်းခဲ့။ လက်ရှိအချိန်အထိ နောက်ဆုံး ၃ရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၇၁ဂိုးအထိသွင်းယူနိုင်ခဲ့။
၆) ၂၀၁၇-၁၈ရာသီမှာ မန်ယူကိုပေါင် ၇၅သန်းနဲ့ ပြောင်းဖို့ သဘောတူညီမှုရခဲ့။

ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment