မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်ကျော်မင်းအား ခန့်အပ်တာဝန်ပေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၁၅/၂၀၁၇ ကို ၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် (၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်) ရက်စွဲဖြင့် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဦးနှင့် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင် တို့ကို စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မခွဲ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (စ)နှင့် ပုဒ်မခွဲ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဌာန်းချက်များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ (၁) ဗိုလ်မှူးကြီး လှမျိုးရွှေ - ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂) ဗိုလ်မှူးကြီး မင်းဦး - မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၃) ဗိုလ်မှူးကြီး ကျော်ကျော်မင်း - မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့အား ယှဉ်တွဲပါ တိုင်းဒေသကြီးအစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုး ထုတ်ပြန်သည်။
မန်းကိုကို(TheMandalayNewsJournal)
Thursday, July 6, 2017
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်ကျော်မင်းအား ခန့်အပ်တာဝန်ပေး
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်ကျော်မင်းအား ခန့်အပ်တာဝန်ပေး
Reviewed by Ar Ti
on
11:55 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment