Latest News

Thursday, July 6, 2017

ကား​နောက်​ပြန်​လိမ့်​ကျ၍ ဆိုင်ကယ်ကိုတိုက်မိ၊ အမျိုးသမီးတဦး သေဆုံး

ကား​နောက်​ပြန်​လိမ့်​ကျ၍ ဆိုင်ကယ်ကိုတိုက်မိ၊ အမျိုးသမီးတဦး သေဆုံ


ပုသိမ်ငွေဆောင် ကားလမ်းမှာ ဒီနေ့ညနေ ၄ နာရီလောက်က တောင်ကုန်းအတက် ကားတစီးနောက်ပြန်လျောကျလို့ ကားနောက်က ကပ်လိုက်လာတဲ့ ဆိုင်ကယ်အားတိုက်မိပြီး အမျိုးသမီးတဦး ကားကြိတ်သေဆုံးခဲ့ပါတယ်။

ဖိုးခွား မောင်းနှင်လာတဲ့ ပုသိမ်-ငွေဆောင်-ဘူးကွဲ-ဆင်မ ပြေးဆွဲနေတဲ့ ဇွဲ ခရီးသည်တင်ယာဉ်ဟာ ပုသိမ်မှအပြန် ရေသိုးနဲ့အမြောက်တပ်ကြား ၁၉ မိုင် ၆ ဖာလုံ ရှိ တောင်ကုန်းအားတတ်နေစဉ် နောက်ပြန်လိမ့်ကျရာ နောက်ကနေကပ်လိုက်လာတဲ့ ဆိုင်ကယ် နဲ့ ချိတ်မိလို့ မကေဇင်ထွန်း ဆိုင်ကယ်ပေါ်မှ လွှင့်ကျပြီး ကားနောက်ဘီးနဲ့ကြိတ်မိပြီး အခင်းဖြစ်ရာနေရာပင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆိုင်ကယ်မောင်းနှင်တဲ့ မကေဇင်ထွန်းရဲ့ အမျိုးသားကိုတော့ တလပ်ခွာဆေးရုံ ပို့ဆောင်ထားရကြောင်းလည်း သိရပါတယ်။

ငွေဆောင်ရဲတပ်ဖွဲ့ဝင်တွေ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
DVB

No comments:

Post a Comment