Latest News

Saturday, July 1, 2017

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အဦးသစ်ဖွင့်ပွဲကျင်းပ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်ပေး

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အဦးသစ်ဖွင့်ပွဲကျင်းပ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်ပေး

မန္တလေး ဇူလိုင်  ၁

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အဦးသစ်ဖွင့်ပွဲအ ခမ်းအနားကို ယနေ့ နံနက် ၇ နာရီက အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေ၊ ၉ လမ်းနှင့် ၇၀/၇၃ လမ်းကြားရှိ အဆိုပါအ ဆောက်အဦးသစ်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်တိုက်ပါဠိ နယူပဒေသာကျောင်း ဆရာတော် ဘဒ္ဒန္တဝိစိတ္တဘိဝံသနှင့် ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး  တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးနှင့်  ဒုတိယဥက္ကဌ ဒေါက်တာ ခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော် ရုံးမှ ဝန်ထမ်းများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော် (၁၀၈) ပါးတို့အား ပြည်သူ့လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းလောင်းလှူဒါန်း ကြပြီး ဆရာတော်ကြီးများက  ရွတ်ပွားချီးမြှင့်တော်မူသည့် အောင်ဂါထာတော်မြတ်ကို နာယူကြည် ညိုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်အဆောက်အဦး သစ်အား တိုင်းဒေသ ကြီး ဝန်ကြီးချုပ်  ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိုးသိန်း၊ မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာရဲလွင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်နှင့် ဒေါ်သီတာငြိမ်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌတို့က တိုင်းဒေသကြီး လွှတ်တော်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ကြပြီး အမွှေးနံ့သာရည်များ ပတ်ဖြန်းကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးချုပ်တို့က လွှတ်တော်အဆောက်အဦးသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် သစ်ပင် များ စိုက်ပျိုးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့်  တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များနှင့် တာဝန်ရှိသူများ သည် လွှတ်တော်ရုံး မျက်နှာစာတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ လွှတ်တော်ရုံး အဆောက်အဦးသစ်အတွင်း တည်ထားကိုးကွယ် မည့် ဗုဒ္ဓရုပ်ပွားတော်အား ဆရာတော်၊ သံဃာတော်များက အနေကဇာတင်လှူ ပူဇော်ကြပြီး တိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဌ ဆရာတော်ထံမှ  ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့် တော်မူသည့် ပရိတ်တရား တော်မြတ်ကို နာယူကြည်ညိုကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဌနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဆရာ တော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။

တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment