Latest News

Saturday, July 1, 2017

သူနာပြုရာထူး အခေါ်အဝေါ်နှင့် လစာနှုန်းထားများ ပြင်ဆင်သတ်မှတ်ရန် စီစဉ်နေ

သူနာပြုရာထူး အခေါ်အဝေါ်နှင့် လစာနှုန်းထားများ ပြင်ဆင်သတ်မှတ်ရန် စီစဉ်နေ

သူနာပြုတက္ကသိုလ်ကျောင်းသူများကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
သူနာပြုရာထူးအ ခေါ်အဝေါ်နှင့်လစာများ ပြင်ဆင်သတ်မှတ်နိုင်ရန် စီစဉ်နေပြီး သူနာပြုလောကတိုးတက်ရန် ဆောင်ရွက်နေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇွန်လ ၃၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ပြောသည်။

ဘက်စုံ သားဖွား ဒီပလိုမာ ဘွဲ့ဖြင့် အလုပ်ဝင်သည့် သားဖွား ဆရာမ ရာထူးနှင့် အခြေခံလစာ တစ်သိန်းခွဲရရှိထားသူများကို ၎င်း တို့၏လစာ ကျပ်တစ်သိန်းခြောက် သောင်းခွဲဖြစ်လာရန် တိုးမြှင့်အဆိုပြုထားကြောင်း ဝန်ကြီးက ပြော သည်။ သူနာပြုသိပ္ပံဘွဲ့ဖြင့် သူနာ ပြုရာထူးရရှိပြီး အခြေခံလစာတစ် သိန်းခြောက်သောင်းခွဲရရှိသူများ ကို အထက်တန်းသူနာပြုရာထူး ဖြင့် ကျပ်တစ်သိန်းရှစ်သောင်းအ ထိ တိုးမြှင့်အဆိုပြုထားသည်။ သူနာပြု၊ သားဖွားဒီပလိုမာဘွဲ့ဖြင့် အလုပ်ဝင်သည့် သူနာပြုရာထူး များမှာ အခြေခံလစာတစ်သိန်း ခြောက်သောင်းဖြစ်ပြီး တိုးမြှင့် ခြင်းမရှိပေ။

‘‘အခု လောလောဆယ် Sister များသည် အရာရှိမဟုတ် ပါဘူး။ အခု ကျွန်တော်တို့က (Prove) လုပ်တဲ့အခါမှာ အရာရှိစကေး နှစ်သိန်းငါးသောင်းဖြစ် သွားပါပြီ။ Sister ဖြစ်ဖို့အတွက် က ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ်ကြာမှ ဘွဲ့ရပြီးရင် အခွင့်တူသွားပြီ။ Sister ဖြစ်ရင် ကျွန်တော်တို့က သူနာပြုအရာရှိလို့ ခေါ်ရမယ်။ ယောက်ျားလည်းရှိတဲ့အတွက် Sister လို့ မခေါ်တော့ပါဘူး။ သူနာပြုအရာရှိကနေ အဲဒီအချိန်မှာတော့ BNFC ဘွဲ့ရပဲ။ သုံးနှစ်ကြာလို့ရှိရင် လက်ထောက်ညွှန်ကြားရေးမှူး သူနာပြုအဆင့် နှစ်သိန်းရှစ်သောင်းအဆင့်ဖြစ်သွားမယ်။ နှစ်သိန်းရှစ်သောင်းအဆင့်ပြီးရင် သုံးနှစ်ကြာတဲ့အခါမှာ ဒုတိယညွှန် ကြားရေးမှူးသူနာပြု အဲဒီဟာကို ကျွန်တော်တို့သွားဖို့ လုပ်ပါတယ်’’ ဟု ဝန်ကြီးက ရှင်းပြသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ သို့ အဆိုပြုထားခြင်းဖြစ်ကြောင်း နှင့် အစိုးရအဖွဲ့ သဘောတူပါက ဇူလိုင်အတွင်း တိုးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

READ  ​ထမင်းကျန်များကို ကျန်းမာရေးကောင်းကျိုးများရဖို့ အသုံးပြုနည်း
ထို့အပြင် ကျေးလက်ကျန်း မာရေးဌာနများတွင် တာဝန်ယူ ထမ်းဆောင်နေသော သားဖွား ဆရာ၊ ဆရာမများနှင့် အမျိုးသမီး ကျန်းမာရေးဆရာမများ၏ လစာ နှုန်းထားကို တိုးမြှင့်ရန်လျာထား ကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။

သူနာပြုများ၏ အဆင့်ကို သတ်မှတ်ရာတွင် အမှတ်များနှင့် ရေးထားခြင်းသည် ရှုပ်ထွေးနေပြီး သူနာပြုမဟုတ်ဘဲ ဆေးထည့်သူ ကို သူနာပြု (၅)၊ သားဖွားသူနာ ပြုအကူကို သူနာပြု (၄)၊ သူနာပြု (၃) စသည့်သတ်မှတ်ချက်များဖြင့် ခေါ်ဝေါ်နေကြောင်း ဦးမြင့်ထွေး က ပြောသည်။

ထို့အပြင် ပုဂ္ဂလိကဆေးရုံ များတွင် သူနာပြုသားဖွားလိုင်စင် မရှိဘဲ သူနာပြုဝတ်စုံများ ဝတ် ဆင်ပြီး ခန့်အပ်ထားမှုကို စိစစ်အရေးယူတော့မည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ပြောသည်။

‘‘အရေးယူမယ်ဆိုတာက ပထမဦးဆုံး ပညာပေးမှာပေါ့။ ပုဂ္ဂလိက ဆေးရုံအုပ်တွေကို ပြော မှာပေါ့။ ဥပဒေမှာတော့ ဒီလိုရှိပါ တယ် သူနာပြု သားဖွားလိုင်စင် မရဘဲနဲ့ ဝတ်စုံဝတ်လို့မရဘူး။ သူ တို့ရဲ့ အရင်ညှိရင် လက်ခံမှာပါ’’ ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ သူနာပြု သား ဖွားကောင်စီ ဥပဒေပုဒ်မ ၃၇ အရ မည်သူမျှ လိုင်စင်ရရှိသူ (သို့ မဟုတ်) ကန့်သတ်လိုင်စင်ရရှိသူမဟုတ်ဘဲ ကောင်စီက ကျွမ်းကျင်မှုနှင့် အဆင့်လိုက်သတ်မှတ်ထား သော (သို့မဟုတ်) အတည်ပြုထားသော သူနာပြုသားဖွား (သို့ မဟုတ်) သူနာပြုသားဖွား၏ ဝတ်စုံနှင့် အဆောင်အယောင်များကို မရိုးဖြောင့်သော သဘောဖြင့် ဝတ်ဆင်ခြင်း၊ သုံးစွဲခြင်း (သို့မဟုတ်)တပ်ဆင်ခြင်းမပြုရဟု သတ်မှတ် ထားသည်။

ထိုတားမြစ်ချက်တစ်ခုခုကို ဖောက်ဖျက်လျှင် အနိမ့်ဆုံး ထောင်ဒဏ်သုံးလမှ သုံးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ငါးသောင်းမှ ငါး သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

READ  လောက်ကိုင် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း
ဇွန်လ ၃၀ ရက်က ပြည်သူ့ လွှတ်တော်တွင် ဂန့်ဂေါမဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ယဉ်မင်းလှိုင်တင်သွင်းသည့် ‘ပြည်သူလူထု ကျန်းမာရေးအတွက် အဓိကကျ၍ အရေးပါလှ သော ဝန်ထမ်းအမျိုးအစားတစ် ရပ်ဖြစ်သည့် သူနာပြုလောကကို ပြုပြင်ပြောင်းလဲမှုလုပ်၍ နိုင်ငံ တော်၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးပါရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း’ အဆိုတင်သွင်းမှုအပေါ် ကိုယ် စားလှယ် ကိုးဦးက ထောက်ခံ ဆွေးနွေးပြီးနောက် ပြည်ထောင် စုဝန်ကြီးက ပြန်လည်ဖြေရှင်းရာ တွင် ပြောကြားခြင်းဖြစ်သည်။

သူနာပြုများ ဒီပလိုမာ၊ ဘွဲ့ များရရှိသော်လည်း အလုပ်မဝင် သည့် ရာခိုင်နှုန်း အင်မတန်များ ပြားပြီး အလုပ်ထွက်သည့် ရာခိုင် နှုန်း အများဆုံးဝန်ထမ်းဖြစ်၍ အဓိကထား မေးမြန်းခြင်းဖြစ်ကြောင်း ဒေါ်ယဉ်မင်းလှိုင်က ပြောသည်။

‘‘တစ်တိုင်းပြည်လုံးက လူ နာစောင့်တွေ ပြည်သူလူထု၊ အ ခြားသော ဝန်ထမ်းအဖွဲ့အစည်း တွေ ဘယ်လောက်ထိ သူနာပြု လောကမှာ ဝန်ထမ်းလိုအပ်ချက် ရှိနေသလဲဆိုတာ သိစေချင်လို့၊ နောက်တစ်ချက်က ဘယ်လောက်ထိ လူ့စွမ်းအားအရင်းမြစ် ဆုံးရှုံး နေသလဲ၊ နိုင်ငံခြားကို ထွက်အ လုပ်လုပ်၊ နိုင်ငံတော်က ပညာ သင်ကြားပေးပြီးတော့ (ဒါမှ မဟုတ်) အသက်မွေးဝမ်းကျောင်း အလုပ်ကို မလုပ်တော့ဘဲ တခြား အလုပ်တွေနဲ့ အသက်မွေးကြ တယ်။ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေတယ်ဆိုတာ သိစေချင်လို့ ဒီအဆိုကို တင်ခြင်းဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။

သူနာပြု ဝန်ထမ်းများသာ မဟုတ်ဘဲ ကျန်သည့်ကျွမ်းကျင် ဝန်ထမ်းများ၊ ဆရာဝန်များကို တတ်နိုင်သည့်အတွင်းမှ ဆောင် ရွက်ပေးနေ၍ ဒီအဆိုကို မှတ် တမ်းတင်ထားပြီး စောင့်ကြည့်စေ ချင်ကြောင်း ဒေါက်တာမြင့်ထွေး၏ပြောကြားမှုကို အဆိုရှင်ကလက်ခံခဲ့၍ ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

7Day News

   

No comments:

Post a Comment