ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (၇)ရပ်ကွက်၏ ကျောင်းအ၀င်လမ်းရေကြီးနေမှု အခြေအနေ
ယမန်နေ့ (၃၀.၆.၂၀၁၇)ရက်နေ့ နံနက်ပိုင်းမှစ၍ ရွာသွန်းသော မိုးရေကြောင့် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (၇)ရပ်ကွက်၏ ကျောင်းအ၀င်လမ်းရေကြီးနေမှု အခြေအနေကို ပုံတွင် ဖော်ပြထားသည့်အတိုင်း တွေ့မြင်ခဲ့ရသည်။ ထိုရေများသည် ကျောင်းစာသင်ခန်းတွင်းအထိ ရောက်ရှိပြီးထိုရေထဲတွင် စာသင်ကြားနေရသည်။
အဆိုပါကျောင်းသည် မူလတန်းကြိုအတန်းမှ (၁၀)တန်းအထိ ကျောင်းသား ကျောင်းသူများ တက်ရောက်သင်ကြားနေသော ကျောင်းဖြစ်သည်။ နှစ်စဉ်ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀၀၀ ခန့် ပညာသင်ကြားနေကြသည်။ ထိုကျောင်းသည် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။ ကျွန်တော့်သားဟာ ဒီနှစ် ၁၀ တန်းမှာ ပညာသင်ကြားနေပါတယ်။ သူငယ်တန်းမှစပြီး တက်ခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ရေကြီးပါတယ်။ မိုးတိတ်သွားသော်လည်း ရေပြန်မဆင်းပါ။ ကလေးငယ်လေးများနဲ့ ကျောင်းသား ကျောင်းသူများ၊ မိဘများ မိုးရာသီတွင် ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း မိဘတစ်ဦးကပြောသည်။ မိဘများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက အမြန်ဆုံးပြုပြင်ပေးရန် လိုလားလျက်ရှိကြောင်း သိခဲ့ရသည်။
ဝင်းမြင့်ထွန်း (တောင်ဥက္ကလာ)မြန်မာ့အလင်း
Saturday, July 1, 2017
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (၇)ရပ်ကွက်၏ ကျောင်းအ၀င်လမ်းရေကြီးနေမှု အခြေအနေ
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (၇)ရပ်ကွက်၏ ကျောင်းအ၀င်လမ်းရေကြီးနေမှု အခြေအနေ
Reviewed by Ar Ti
on
6:19 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment