Latest News

Saturday, July 1, 2017

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ခန္တီးမြို့ အနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများ ရေလွတ်ရာသို့ရွှေ့ပြောင်း

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ခန္တီးမြို့ အနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများ ရေလွတ်ရာသို့ရွှေ့ပြောင်း

ခန္တီး    ဇူလိုင်   ၁

မိုးများအဆက်မပြတ်ရွာသွန်းနေမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် မြေနိမ့်ပိုင်းနှင့် မြို့မရပ်ကွက် ဈေးလမ်းတစ်လျှောက်တွင် တောင်ကျရေများ ဝင်ရောက်နေမှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွားတိရ္ဆာန်များ ဘေးလွတ်ရာသို့ အချိန်မီ  ရွှေ့ပြောင်းနေရကြောင်း သိရသည်။  မိုးရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေသည်  ဇူလိုင်  ၁ ရက်    ညနေ ၆ နာရီခွဲက       မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ ၁၂၂၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ခ္တီးမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၃၆ဝ စင်တီမီတာဖြစ်ကာ မိုးဆက်လက်ရွာသွန်းနေပါက စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သဖြင့် ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။      (ခရိုင် ပြန်/ဆက်)

No comments:

Post a Comment