GTalk ကို တရားဝင် ရပ်ဆိုင်းလိုက်ပြီဖြစ်၍Hangoutsကို ပြောင်းလဲအသုံးပြုရမည်
ရန်ကုန် ဇူလိုင် ၁
၂ဝဝ၅ ခုနှစ်မှ စတင်ပေါ်ပေါက်ပြီး နှစ်ပေါင်း အတန်ကြာသည့်တိုင်အောင် လူသုံးအများဆုံး ဖြစ်ခဲ့သော Instant Messenger ဆော့ဖ်ဝဲ တစ်ခုဖြစ်သည့် GTalk နှင့်ပတ်သက်သည့် ဝန်ဆောင်မှု အားလုံးကို Google ကုမ္ပဏီက ဇွန် ၂၆ ရက်တွင် တရားဝင် ရပ်ဆိုင်းလိုက်ပြီဖြစ်၍ Gtalk အသုံးပြုနေသူများအနေဖြင့် Google ၏ အခြာှးုInstant Messenger ဆော့ဖ်ဝဲဖြစ် သော Hangouts ကို ပြောင်းလဲအသုံးပြုရတော့ မည်ဖြစ်သည်။
Google အနေဖြင့် ပြီးခဲ့သည့် သုံးနှစ်ခန့်မှစ၍GTalk နှင့်ပတ်သက်သည့် ဝန်ဆောင်မှုသစ်များ ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းကာGTalk အသုံးပြု နေသူများအနေဖြင့် Google ၏ အခြား Mess- enger ဖြစ်သောHangouts ကို ပြောင်းသုံးရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့ပြီး ဝန်ဆောင်မှုသစ် များကို Hangouts ဘက်တွင်သာ ဖြည့်စွက်ပေး နေခဲ့ခြင်းဖြစ်သည်။ ထို့နောက်Gtalk ကို ဇွန် ၂၆ ရက်တွင် အပြီးသတ် ရပ်ဆိုင်းမည်ဖြစ်ကြောင်း ယခုနှစ် မတ်လအတွင်းက ကြေညာခဲ့ပြီးနောက် ယခု ဇွန် ၂၆ ရက်တွင် ဝန်ဆောင်မှုများအားလုံးကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အင်တာနက်ကို စတင်အသုံး များလာခဲ့ချိန်သည် ၂ဝဝ၅ ခုနှစ်ခန့်ပင်ဖြစ်ရာ ထိုအချိန်မှစ၍ ပြည်တွင်းမှ အင်တာနက်အသုံးပြု နေသူများအနေဖြင့်ွှGtalk ကို ထိတွေ့ရင်းနှီး ခဲ့ပြီး Google ၏ အဓိကဝန်ဆောင်မှုဖြစ်သော Gmail ကဲ့သို့ပင် ထိုအချိန်က လူတိုင်းအတွက် မရှိမဖြစ် အသုံးဝင်ခဲ့သော Messenger ဆော့ဖ် ဝဲဖြစ်ခဲ့သည်။ အင်တာနက်သုံးသူချင်း စာရိုက် စကားပြောရန်အတွက်GMail ရှိရုံဖြင့်ပင် သုံးနိုင်ပြီး သီးသန့် Account များ ထပ်ဖွင့် ရန် မလိုအပ်သလို အသုံးပြုရာတွင်လည်း အင်တာနက် လိုင်းမကောင်းသည့်တိုင် မြန်ဆန် ပေါ့ပါးခြင်း၊ လုံခြုံမှုရှိခြင်းတို့ကြောင့် GTalk သည် ပြည်တွင်းမှ အင်တာနက်အသုံးပြုသူများ အတွက် အသုံးအဝင်ဆုံး ဆော့ဖ်ဝဲတစ်ခုဖြစ်ခဲ့ သည်။
ယခုနောက်ပိုင်းတွင် ပြည်တွင်းမှ အင်တာနက် အသုံးပြုသူများအနေဖြင့်မူ မိုဘိုင်းဖုန်းများဖြင့် အသုံးပြုနေကြခြင်းဖြစ်ရာ မိုဘိုင်းဖုန်းပေါ်တွင် အဓိက Instant Messenger အနေဖြင့် Facebook Account ရှိရုံဖြင့် သုံးနိုင်သော Facebook Messenger ကို အများဆုံး သုံးစွဲ နေကြသလို မိုဘိုင်းဖုန်းကွန်ရက်ကို အခြေခံသောMessenger များဖြစ်သည့် Viber အပါအဝင် အခြားMessenger App များကိုသာ သုံးနေ ကြပြီး GTalk သုံးစွဲမှုမှာ မရှိသလောက် နည်းနေ ပြီဖြစ်သည်။
Googleအနေဖြင့်လည်း ၂ဝ၁၃ ခုနှစ်မှစ၍Hangouts ကို မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းတွင်Hangouts ကိုသာ အဆင့်မြှင့်တင်မှုများ ပြုလုပ် ပေးခဲ့သလို နောက်ပိုင်းတွင် Gmail ထဲတွင် လည်းံHangoutsကို ထည့်သွင်းမိတ်ဆက်ပေးခဲ့ သည်။GTalkကို ရပ်ဆိုင်းလိုက်သည့် လက်ရှိ အချိန်တွင် Gmail အသုံးပြုသူများအနေဖြင့်Hangouts ကို အီးမေးလ်ထဲမှလည်းကောင်း၊ သီးသန့်Hangouts ဆော့ဖ်ဝဲဖြင့်လည်းကောင်း၊ အင်တာနက် Browser များတွင် https://hangouts.google.com/ဝက်ဘ်ဆိုက်မှတစ်ဆင့်လည်းကောင်း အသုံးပြုနိုင်သလို မိုဘိုင်းဖုန်း များတွင် အသုံးပြုရန်အတွက်လည်း Hangouts App များကို Google မှ ထုတ်လုပ်ပေးထားပြီး ဖြစ်သည်။ သူရဖြိုး(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment