Latest News

Tuesday, July 11, 2017

ရန်ကုန်တိုင်းဝန်ကြီးချုပ်အား လိုအပ်သလို စိစစ်အရေးယူပေးရန် အစိုးရထံ တပ်မတော်တင်ပြ

ရန်ကုန်တိုင်းဝန်ကြီးချုပ်အား လိုအပ်သလို စိစစ်အရေးယူပေးရန် အစိုးရထံ တပ်မတော်တင်ပြ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုမှုအပေါ် နိုင်ငံတော်အစိုးရက လိုအပ်သလို စိစစ်အရေးယူပေးရန် တပ်မတော်က တင်ပြထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၁၁ရက် ညက သတင်းထုတ်ပြန်ထားသည်။

ဇူလိုင် ၉ရက်က USAID နှင့် FHI 360 တို့ ပူးပေါင်းကျင်းပခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်နှင့် ပုံနှိပ် မီဒီယာများတွင် ပျံ့နှံ့လျက်ရှိကြောင်း တပ်မတော်က ယင်းသို့ ထုတ်ပြန်ထားသည်။
Mizzima

No comments:

Post a Comment