Latest News

Tuesday, July 11, 2017

ဒွေးကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်ပွဲတွင် ဒွေးရေးဆွဲခဲ့သော ပန်းချီကားအချို့ကို လေလံတင်ရောင်းမည်

ဒွေးကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်ပွဲတွင် ဒွေးရေးဆွဲခဲ့သော ပန်းချီကားအချို့ကို လေလံတင်ရောင်းမည်

သရုပ်ဆောင်ဒွေးကွယ် လွန်ခြင်း (၁၀)နှစ်ပြည့် အမှတ်တ ရပွဲကို ဇူလိုင် ၂၁ ရက်တွင် လှည်း တန်းစင်တာ၌ ပြုလုပ်မည်ဟု ၎င်း၏ဇနီး ဒေါ်မိုးမိုးက ဖေ့စ် ဘွတ်ခ်တွင် ရေးသားထားသည်။

အဆိုပါပွဲကို Mandalay Entertainment နှင့် Vitacap အားဆေးတို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ဒွေးရေးဆွဲခဲ့သော ပန်းချီ ကားကိုးကားနှင့် ဒွေးဝတ်ဆင်ခဲ့ သော ဂျာကင်အချို့ကို လေလံ တင်ရောင်းချမည်ဖြစ်သည်။

‘‘ပထမတော့ အစ်မတို့ မနက်ဖြန် (ဇူလိုင် ၁၁) လုပ်ဖို့ စီ စဉ်တာပါ။ အစ်မက ပစ္စည်းတွေ ရှင်းရမှာရယ်။ အစ်မတို့လိုချင်တဲ့ နေရာမရတာရယ်ကြောင့် ရက် ရွှေ့သွားတယ်။ ၂၁ ရက် ညနေ ၄ နာရီကနေ ၇ နာရီကို လှည်း တန်းစင်တာမှာလုပ်မယ်’’ဟု မမိုး မိုးက ဇူလိုင် ၁၀ ရက်က ပြုလုပ်ခဲ့ သည့် Mandalay Fm ရေဒီယိုနှင့် တိုက်ရိုက်အင်တာဗျူးတွင် ဖြေ ကြားသည်။

ဒွေးကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်သည့် ဇူလိုင် ၁၁ ရက်တွင် နေအိမ်၌ ဘုန်းကြီးငါးပါးပင့်ကာ ၀ါဆိုသင်္ကန်းကပ်လှူမည်ဟု ၎င်း က ဆိုသည်။

အမှတ်တရပွဲတွင် ဒွေး၏ အသုံးအဆောင်များနှင့် ဒွေးကိုယ် တိုင်ရေးဆွဲခဲ့သော ပန်းချီကား များ ရောင်းချမည်ဖြစ်ပြီး ရရှိ လာသည့်ငွေများကို ၎င်းလှူဒါန်း ခဲ့သော ဘုရားပုထိုးစေတီများနှင့် ရေတွင်းရေကန်များ ပြန်လည် ပြုပြင်မည်ဟု ဒေါ်မိုးမိုးက ပြော သည်။

‘‘အားလုံးဝယ်နိုင်တဲ့ဈေး လေး။ ငါးထောင်ကနေ သုံး သောင်းဝန်းကျင်လောက်။ ဒီအ ထဲမှာလည်း Brand တွေပဲ ပါ လာမှာပါ။ အစ်မချန်ထားတာတွေ အားလုံးက Brand တွေများပါ တယ်။ ရတာကို သူလှူခဲ့တဲ့ ရေ တွင်းတို့၊ ကျောင်းတို့၊ စေတီတို့ရှိ တယ်။ အစ်မလည်း သက်ရှိထင် ရှားရှိနေတုန်းမှာ တခြားနေရာ သစ်ထပ်မလှူဘဲ မပျောက်ပျက် အောင်၊ မပျက်စီးအောင်၊ သူလည်းအကျိုးရှိအောင် အိမ်မှာသိမ်းထား ပြီး ဆွေးသွားမယ့်အတူတူဆိုပြီး ဒီစိတ်ကူးလေးကို ကြံစည်တာပါ’’ ဟု ဒေါ်မိုးမိုးက ပြောသည်။
7Day News

No comments:

Post a Comment