Latest News

Tuesday, July 11, 2017

ချင်းတွင်းမြစ်ရိုးတစ်လျှောက် နေအိမ် အလုံး ၂၀ ကျော် ရေထဲမျောပါ


မုံရွာ ဇူလိုင်(၁၁)ရက်

စစ်ကိုင်းတိုင်းဒေကြီး ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေဘေးသင့် မြို့များဖြစ်တဲ့ ခန္တီး၊ဟုမ္မလင်း၊ဖောင်းပြင်၊မော်လိုက်၊မင်းကင်း၊ကလေးဝနှင့် မုံရွာမြို့တို့မှာ မြစ်ရေကြီးမြင့်မှုကြောင့် အိမ်ထောင်စု(၂၂၉၃)စု ရွှေ့ပြောင်းနေထိုင်နေရပြီး ဟုမ္မလင်းမြို့နယ်မှာ နေအိမ်(၂၁)လုံး၊ ဖောင်းပြင်မြို့နယ်မှာနေအိမ်(၁)လုံးနှင့် ကလေးဝမြို့နယ်တို့မှာနေအိမ်(၁)လုံး အသီးသီး မျှောပါခဲ့ကြောင်း သိရပါသည်။

၁၀.၇.၂၀၁၇ ရက်နေ့ထိ စာရင်းဇယားအရ ခန္တီးမြို့မှာ အိမ်ထောင်စု(၄၂၂)စု ရွှေ့ပြောင်းခဲ့ရပြီး ဟုမ္မလင်းမြို့မှာ(၂၈)စု ဖောင်းပြင်မြို့မှာ(၆၉)စု မော်လိုက်မြို့မှာ(၂၆၈)စု မင်းကင်းမြို့မှာ(၈၉)စု ကလေးဝမြို့မှာ(၆၇)စုနှင့် မုံရွာမြို့နယ်မှာ အိမ်ထောင်စု(၁၃၇၁)စု ရွှေ့ပြောင်းခဲ့ရကာ၊ စုစုပေါင်း ရွှေ့ပြောင်း အိမ်ထောင်စု(၂၃၁၉)စုရှိပြီး လူဦးရေ(၁၀၈၃၀)ဦး ရေဘေးသင့် နေကြောင်းသိရသည်။

မြစ်ရေကြီးမြင့်မှုကြောင့် မြစ်ရိုးတစ်လျှောက်မြို့များမှ စာသင်ကျောင်းပေါင်း(၁၈၆)ကျောင်း
ခတ္တပိတ်ထားရတယ်လို့လည်း သတင်းရရှိသည်။

ယနေ့အချိန်ထိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်း (၂၅၆၄၃၀၀၀)ကျပ် တန်ဖိုးရှိ အစားအစာနှင့် ထောက်ပံ့ပစ္စည်းများ ရောက်ရှိထောက်ပံ့ခဲ့ပြီးကြောင်းလဲ သိရသည်။

နောက်ဆက်တွဲ သတင်းအရ မြစ်ရေကြီးမှုကြောင့် ခန္တီးမြို့မှာ ရေနစ်သေဆုံးသူ(၁)ဦး ရှိခဲ့ကြောင်းလဲ ရဲမှတ်တမ်းအရ သိရသည်။

မောင်လေး ငယ်ငယ်
ဓာတ်ပုံ - ခန္တီးမြို့တွင်း တနေရာ
မောင်လေး ငယ်ငယ်
https://www.facebook.com/mgmglay.ngenge

No comments:

Post a Comment