Latest News

Friday, July 14, 2017

ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၏ ညွှန်ကြားချက်အတိုင်း အလယ်တန်းကျောင်းကို ဆောက်လုပ်လိုဟု ဂန်ချောင်းကျေးရွာသားအချို့က ပြော

ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၏ ညွှန်ကြားချက်အတိုင်း အလယ်တန်းကျောင်းကို ဆောက်လုပ်လိုဟု ဂန်ချောင်းကျေးရွာသားအချို့ကြြေြေေ
ပာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာနှင့် ထုံးဝကျေးရွာအကြား အငြင်းပွားမှုဖြစ်ပေါ်နေသည့် အမှတ်(၁၉) အခြေခံပညာအလယ်တန်းကျောင်းဆောက်လုပ်မည့် မြေနေရာကိစ္စနှင့် ပတ်သက်၍ တိုင်းဒေကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၏ ညွှန်ကြားချက်အတိုင်းသာ ဖြစ်စေချင်သည်ဟု ဂန်ချောင်းကျေးရွာသားအချို့က ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အမှတ် (၁၉) အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သည့် အစည်းအဝေးတွင် ဒေါက်တာလှမြတ်သွေးက နှစ်ရွာကြားတွင် ဆောက်လုပ်ရန်၊ ဆောက်လုပ်ရာတွင် မြေသည်ကုန်းမြင့်ပိုင်းဖြစ်၍ လမ်းပန်းဆက်သွယ်ရေးနီးပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် မြေတွင်သာ ဆောက်လုပ်ရန် ညွှန်ကြားခဲ့ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲမှ သိရသည်။

"ကျောင်းဆောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဖြစ်ချင်တာကတော့ တိုင်းလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ညွှန်ကြားထားတဲ့ နှစ်ရွာကြားရဲ့ ကုန်းမြင့်မားတဲ့ နေရာ၊ လမ်းပန်းဆက်သွယ်ရေးနီးတဲ့နေရာ၊ မြေနိမ့်ပိုင်း မဖြစ်စေရ ဆိုတဲ့ဟာပါ။ ကျွန်တော်တို့ အဲဒါပဲ လိုချင်တယ်။ အဲဒါက လွဲလို့ ကျွန်တော်တို့ လက်မခံဘူး"ဟု ဦးမြသောင်းက ပြောကြားသည်။

လက်ရှိတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့် ထုံးဝရွာသားများသည် ဒေါက်တာလှမြတ်သွေး၏ ညွှန်ကြားချက်နှင့် ဆန့်ကျင်ပြီး ထုံးဝရွာနှင့် နီးသည့် နေရာတခုတွင် ကျောင်းဆောက်လုပ်ရန် ပြင်ဆင်နေကြသည်ဟု ယင်းသတင်းစာရှင်းလင်းပွဲပြုလုပ်သူများက ပြောကြားသည်။

ဆောက်လုပ်မည့် ကျောင်းဆောင်ကို ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟမှ လှူဒါန်းမည်ဖြစ်ရာ ဧပြီ ၃၀ ရက်စွဲဖြင့် ဒေါက်တာလှမြတ်သွေးသို့ ရွှေညဝါဆရာတော်မှ ပေးပို့ခဲ့သည့် စာတွင်" ၂ရွာကြား ၂ရွာနယ်စပ်တွင် ဂန်ချောင်းကျေးရွာမှ လှူဒါန်းသော မြေနေရာသည် ဂန်ချောင်းရွာဘက်တွင် မဟုတ်ဘဲ ထုံးဝရွာဘက်တွင် ရောက်ရှိနေသည်ကို မြေပုံအရ ဘုန်းကြီး သိရှိပါသည်။ အမှန်တရားဖြစ်သောကြောင့် ဘုန်းကြီးအနေဖြင့် ဂန်ချောင်းကျေးရွာမှ စာချုပ်စာတမ်းဖြင့် လှူဒါန်းထားသော မြေပေါ်တွင်သာ ကျောင်းဆောင်သစ်တဆောင်(၁၂၀ × ၃၀)ပေအား ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ဘုန်းကြီးမှ ကတိပြုပါသည်"ဟု ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့၊ ၃၄ လမ်း(အထက်ဘလောက်)ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)ရုံးခန်း၌ ဂန်ချောင်းကျေးရွာ ရပ်မိရပ်ဖ ဦးမြသောင်းနှင့် ကျေးရွာသားအချို့မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

မင်းထင်
News Watch

No comments:

Post a Comment