Latest News

Friday, July 14, 2017

ဒေါက်တာသန်းထွန်း၏ မြန်မာနိုင်ငံအမိန့်တော်များစာအုပ် ပြန်လည်ထုတ်ဝေ

ဒေါက်တာသန်းထွန်း၏ မြန်မာနိုင်ငံအမိန့်တော်များစာအုပ် ပြန်လည်ထုတ်ဝေ

 မြန်မာနိုင်ငံတွင် တစ် ကြိမ်မျှ ထုတ်ဝေဖူးခြင်းမရှိသည့် မြန်မာ့သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း ရေးသားသော မြန်မာ မင်းအဆက်ဆက်၏ အမိန့်ပြန် တမ်းများပါဝင်သည့် မြန်မာနိုင်ငံ အမိန့်တော်များ အေဒီ ၁၅၉၈-၁၆၄၈ စာအုပ်ကို စိတ်ကူးချိုချို စာအုပ်တိုက်မှ ပြန်လည်ထုတ်ဝေ ခဲ့သည်။ အဆိုပါ စာအုပ်မိတ် ဆက်ပွဲကို ဇူလိုင် ၁၄ ရက်တွင် Yangon Book Plaza ၌ ပြုလုပ် ခဲ့သည်။

အဆိုပါစာအုပ်သည် ဒေါက် တာသန်းထွန်း နှစ် ၃၀ ကျော်ကြာ အချိန်ယူရေးသားခဲ့သည့် စာအုပ် အဖြစ် နာမည်ကြီးသည်။ မြန်မာ မင်းအဆက်ဆက်၏ အမိန့်တော် ပြန်တမ်းများကို နိုင်ငံအနှံ့ လိုက်လံစုဆောင်းချိန် ၂၅ နှစ် ကြာခဲ့ပြီး ပြုစုချိန် ရှစ်နှစ် ကြာခဲ့သည်။ အဆိုပါ စာအုပ်ကို ပြုစုချိန်၌လည်း တစ်နေ့လျှင် ၁၆ နာရီတိတိ ပြုစုခဲ့ကြောင်း ဆရာကြီး၏တပည့်များကပြောသည်။ အဆိုပါစာအုပ်ကြီးကို ပြုစုနိုင်ခဲ့သဖြင့် ဆရာကြီးသည် ဖူကူအိုကာဆု ချီးမြှင့်ခံခဲ့ရသည်။

Royal Order of Burma (မြန်မာနိုင်ငံအမိန့်တော်များ အေ ဒီ ၁၅၉၈-၁၆၄၈) ၁၀ တွဲသည် သုတေသန စာတမ်းများအနက် အကောင်းဆုံးအဖြစ် ပညာရှင် များက အသိအမှတ်ပြုခြင်းခံရ သည်။ ဒေါက်တာသန်းထွန်း၏ (Masterpiece) လက်ရာမွန်အ ဖြစ် မှတ်တမ်းတင်ခဲ့သည်။

‘‘ဒေါက်တာသန်းထွန်းက ဒီ အမိန့်ပြန်တမ်းတွေကိုစုတာ ၂၅ နှစ်ကြာတယ်။ ဒါကို အင်္ဂလိပ်လို ပြန်ရေးတယ်။ မြန်မာလိုလည်း ပြန်ရေးတာက ရှစ်နှစ်ကြာတယ်။ အားလုံး ၃၃ နှစ် ကြာတယ်’’ဟု ဒေါက်တာသန်းထွန်း၏ တပည့် သမိုင်းဌာနမှ နည်းပြဟောင်း ဆရာဦးခင်မောင်ကြီးက ပြော သည်။

အဆိုပါစာအုပ်တွင် ရှေး ခေတ်ဘုရင်များ၏ အမိန့်တော် များကို စုစည်းရေးသားထား ကြောင်း ၎င်းကဆိုသည်။

‘‘ဒီစာအုပ်က အရင်တုန်းက ဘုရင်တွေရဲ့ သူတို့လုပ်ဆောင် ချက်တွေ၊ အမိန့်ပြန်တမ်းတွေ ဥပမာအားဖြင့် ဘယ်သူ့ကိုတော့ ရာထူးတိုးလိုက်တယ်၊ ဘယ်သူ့ ကို အာဏာပိုင်ခန့်တယ် စတဲ့ သူ တို့အုပ်ချုပ်စဉ်ကာလက ဖြစ်ပေါ် လာတဲ့ သူတို့ရဲ့အမိန့်တွေ ထုတ် ထားတာကို စုပြီးတော့ စာအုပ် ၁၀ တွဲအဖြစ် ထုတ်ထားတာ’’ဟု ဆရာဦးခင်မောင်ကြီးက ပြောသည်။

အမိန့်တော်များ ပေါင်းချုပ် ၁၀ တွဲကို ၁၉၈၃ မှ ၁၉၉၀ ပြည့် နှစ်အထိ တိုယိုတာဖောင်ဒေးရှင်း ၏ ငွေကြေးထောက်ပံ့မှုဖြင့် ပုံနှိပ်ထုတ်ဝေဖူးကြောင်း ၎င်းကပြော သည်။

‘‘ဒီ ၁၀ တွဲ ထုတ်တာ နှစ် ၃၀ ကျော် ကြာပြီဖြစ်လို့ ပြန်ပြီးထုတ် သင့်တယ်လို့ ယူဆလို့ ပြန်ပုံနှိပ် တာပေါ့’’ဟု ဦးခင်မောင်ကြီးက ပြောသည်။

 အတွဲ ၁၀ တွဲတွင် အမိန့် တော်များကို ခြုံငုံသုံးသပ်၍ ပဒေ သရာဇ် မြန်မာနိုင်ငံကို နိုင်ငံ၏ ပထ၀ီဝင်၊ ပြည်သူ၊ အုပ်ချုပ်သူ၊ ဥပဒေ၊ သာသနာရေးဟူ၍ အခန်း ငါးခန်းခွဲတင်ပြထားပြီး စာမျက် နှာ ၇,၀၀၀ ကျော် ပါဝင်သည်။ စာအုပ်ဈေးနှုန်း ကျပ် ၁၂၀,၀၀၀ (တစ်သိန်းနှစ်သောင်း)ဖြစ်သည်။
7Day News

No comments:

Post a Comment