Latest News

Friday, July 14, 2017

မုံရွာမြို့ အင်းအတွင်း ရေနစ်ပျောက်ဆုံးနေသည့် ဆယ်ကျော်သက်အလောင်း ပြန်တွေ့

မုံရွာမြို့ အင်းအတွင်း ရေနစ်ပျောက်ဆုံးနေသည့် ဆယ်ကျော်သက်အလောင်း ပြန်တွေ့

မုံရွာမြို့၊ ညောင်ကိုင်းအင်းအတွင်း ဇူလိုင် ၁၃ ရက်နေ့က ရေနစ်ပျောက်ဆုံးနေတဲ့ အသက် ၁၈ နှစ်အရွယ် မောင်ရဲမင်းဇော်ရဲ့ ရုပ်အလောင်းကို ဒီမနက်မှာ ရှာဖွေတွေ့ရှိ ဆယ်ယူနိုင်ခဲ့ပါတယ်။

“ဖြစ်တဲ့နေ့ကတည်းက ရှာတာ အားလုံးဆို ရှာချိန် နာရီ ၂၀ ကျော်ရှာခဲ့ရပါတယ်” လို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်က ဒီဗွီဘီကိုပြောပါတယ်။

ရှာဖွေမှုကို အင်အား ၇၀ ကျော်၊ ရေငုပ်လေစက်ဖောင် ၁ စီး၊ မော်တော် ၂ စီးနဲ့ အင်အားသုံးရှာဖွေခဲ့တာဖြစ်ပါတယ်။

“ခုက အင်းပြန်ဖော်ဖို့ ဘက်ဟိုးနဲ့ကုတ်ထားတော့ အချို့နေရာတွေဆို ပေ ၂၀ ကျော် ထိနက်ပြီး ရေနက်တဲ့နေရာတိုင်းမှာ ရေမကူးရဆိုင်းဘုတ်တွေ တပ်ပေးထားရင်တော့ ကောင်းတာပေါ့” လို့ ရှာဖွေကယ်ဆယ်ရေးမှာ ကူညီဆောင်ရွက်ပေးခဲ့သူ ဦးမျိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

အင်းက နှစ်စဉ်လိုလို ရေနစ်သေဆုံးသူတွေရှိပြီး မနှစ်ကလည်း စက်မှုဇုန်ရပ်ကွက်က တစ်ယောက်သေဆုံးခဲ့သေးတယ်လို့ အင်းနားနေသူတွေက ပြောပါတယ်။

ဆယ်ယူရရှိတဲ့အလောင်းကိုတော့ စစ်ဆေးနိုင်အောင် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။
DVB

No comments:

Post a Comment