Latest News

Monday, July 10, 2017

မိတ္တီလာတွင် မွတ်စလင်မ်နေအိမ်ကို မဘသ အမာခံများကအိမ်အတွင်းဓားဖြင့်ဝင်ခုတ်

မိတ္တီလာတွင် မွတ်စလင်မ်နေအိမ်ကို မဘသ အမာခံများကအိမ်အတွင်းဓားဖြင့်ဝင်ခုတ်

မိတ္တီလာမြို့ရှိအစ္စလာမ်ဘာသာဝင်များနေထိုင်သည့်နေအိမ်တစ်လုံးကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ အမာခံ မောင်ဝင်း ဦးဆောင်သည့် လူအုပ်စုတစ်စုက ဇူလိုင်လ ၁၀ရက်နေ့ ညသန်းခေါင်အချိန်တွင် ၀င်ရောက်ဖျက်ဆီးခြင်း ဓားဖြင့်တိုက်ခိုက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။

မိတ္တီလာမြို့ ပြည်သာယာ (မြောက်) င နယ်မြေ၊ ပြည်သာယာ ၂ လမ်းနှင့် ၃ လမ်းကြား အမှတ် ၄၄ နေအိမ်သို့ မဘသ အမာခံမောင်ဝင်း ဦးဆောင်သည့်လူအုပ်စုက ၀င်ရောက်တိုက်ခိုက်သည့်အတွက် ကိုလှအောင်(ခ)မုဟမ္မဒ်အလီ မှာ ဓားဒဏ်ရာ၊ နှဖူး၊ မျက်နှာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် မိတ္တီလာ ပြည်သူ့ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသည်။

“ပြည်သာယာမှာ ကိုလှအောင်က ဗုဒ္ဓဘာသာတစ်ယောက်ပိုင်တဲ့ မြေကွက်ကို ၀ယ်လိုက်တယ်။မွတ်စလင်မ်တစ်ယောက်က ဗုဒ္ဓဘာသာပိုင်တဲ့မြေကိုဝယ်ပြီးတခြားမွတ်စလင်မ်ဦးကိုပေးနေလို့ဆိုပြီး မဘသမောင်ဝင်းနဲ့အဖွဲ့က ကိုလှအောင်ယောက္ခမအိမ်အထိဝင်ခုတ်တာ၊အိမ်လည်းနည်းနည်းပျက်စီးသွားတယ်”ဟု မိတ္တီလာမြို့ခံတစ်ဦးက Myanmar Muslim Media သို့ပြောသည်။

သံပန်း သံတံခါး လုပ်သား ကိုလှအောင်၏ အမျိုးသမီးလည်း မီးဖွားပြီးစဖြစ်သဖြင့်ဖခင်ဖြစ်သူ ဦးအာလူး၏နေအိမ်သို့ခေတ္တပြောင်းရွှေ့နေထိုင်စဉ်ကာလတွင်း အထက်ပါတိုက်ခိုက်မှုအတွင်း ရင်သားတွင်ဒဏ်ရာရရှိခဲ့သဖြင့် မိတ္တီလာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်ကုသမှုခံယူနေရသည်။

မိတ္ထီလာမြို့တွင် ၂၀၁၃ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း နယ်မြေ အချို့တွင် ယခုအချိန်အထိ အစ္စလာမ်ဘာသာဝင်များကို ပြန်လည်နေထိုင်ခွင့်မပေးခြင်း ၊မွတ်စလင်မ်လူသစ်လက်မခံခြင်း စသည့် ခွဲခြားဆက်ဆံမှုများဖြစ်ပွားနေစဲဖြစ်သည်။

ဓာတ်ပုံ၊ မဘသ အမာခံများတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်          
             ကိုလှအောင်

ဟိန်းအောင်
Myanmar Muslim Media
 ဇူလိုင် ၁၁၊ ၂၀၁၇

No comments:

Post a Comment