Latest News

Monday, July 10, 2017

ယခုဘဏ္ဍာနှစ်အတွင်း မြစ်ဝကျွန်းပေါ်ရေကြောင်းပို့ဆောင်ရေးဌာနခွဲ ရေကြောင်းပြေးဆွဲမှုမှ ငွေကျပ် သန်း ၁၈၀၀ ကျော်ခန့်ရရှိရန်လျာထား

ယခုဘဏ္ဍာနှစ်အတွင်း မြစ်ဝကျွန်းပေါ်ရေကြောင်းပို့ဆောင်ရေးဌာနခွဲ
ရေကြောင်းပြေးဆွဲမှုမှ ငွေကျပ် သန်း ၁၈၀၀ ကျော်ခန့်ရရှိရန်လျာထား

ပုသိမ် ဇူလိုင် ၁၀

ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများအနက် မြစ်ဝကျွန်းပေါ်
ရေကြောင်းပို့ဆောင်မှုများမှ ယခုဘဏ္ဍာနှစ်အတွင်း ငွေကျပ် သန်းပေါင်း ၁၈၀၀ ကျော်ခန့်ရရှိရန် လျာထားကြောင်း ပြည်တွင်း
ရေကြောင်းပို့ဆောင်ရေးဌာန (မြစ်ဝကျွန်းပေါ်ဌာနခွဲ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနသည် ရေကြောင်းခရီးစဉ်ပြေးဆွဲမှုအဖြစ်မြစ်ဝကျွန်းပေါ်ဌာနခွဲတွင် ရန်ကုန်မှ
ဧရာဝတီတိုင်းဒေသကြီးသို့ တစ်ပတ်လျှင်ခရီးစဉ်လေးခုပြေးဆွဲပေး လျက်ရှိကြောင်း၊ ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ရေကြောင်း
ပြေးဆွဲမှုမှ ငွေကျပ် ၁၉၀၉ သန်းရရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်အလွန်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ
တဖြည်းဖြည်းကျဆင်းလာပြီး ခရီးသည်စီးနင်းမှုနှင့် ကုန်စည်တင်ဆောင်မှုအပေါ်မူတည်ကာ ပြေးဆွဲပေးနေရခြင်းဖြစ်ကြောင်း
သိရသည်။

ထိုကဲ့သို့ အခြေအနေမျိုးကြောင့် ၀င်ငွေရရှိမှုမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာသဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်
ရေးကဏ္ဍတိုးတက်ရေး ပြန်လည်လုပ်ဆောင်သင့်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ယခုဘဏ္ဍာနှစ် ငွေခွဲဝေချထားပေးရာတွင် လေးနှစ်ကြာချထားပေးခြင်း
မရှိသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန၏ အသုံးစရိတ်ဘတ်ဂျက်ငွေမှာပြန်လည်ပါဝင်လာကြောင်း၊ ယခင်က ဘတ်
ဂျက်ချထားပေးခြင်းမရှိသောကြောင့် ဌာနမှရရှိသောငွေများဖြင့်သာ ရပ်တည်နေရပြီး ရေယာဉ်ပြေးဆွဲမှုကို ရက်လျှော့ချခဲ့ရ
ကာ တချို့ခရီးစဉ်များကိုလည်း ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဘတ်ဂျက်ငွေပြန်လည်ချထားပေးခြင်းကြောင့် ဌာနအနေဖြင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေရရှိအောင်လုပ်ဆောင်ပေးရာတွင် အခက်အခဲရှိမည်မဟုတ်ကြောင်း သိရသည်။
မြဝတီ

No comments:

Post a Comment