Latest News

Thursday, July 6, 2017

၆၆ ဃ ပြင်ဖို့ စဉ်းစားနေတယ် ဒေါ်အောင်ဆန်းစုကြည် ပြော

၆၆ ဃ ပြင်ဖို့ စဉ်းစားနေတယ် ဒေါ်အောင်ဆန်းစုကြည် ပြော

ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ ကို ပြင်ဆင်တာတွေလုပ်ဖို့ စဉ်းစားနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ (ကြာသပတေးနေ့) မှာ ပြောလိုက်ပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး ပြုလုပ်တဲ့ ဒီနေ့ မနက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲမှာ  ၆၆ ဃ ပြင်ဆင်ရေး ကိစ္စ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောသွားခဲ့တာပါ။

သတင်းစာသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ထောင်သွင်း အကျဉ်းချဖို့ ဒီဥပဒေကို အသုံးချနေတယ် ဆိုပြီး  လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တွေက ဝေဖန်မှုတွေ ပေါ်ထွက်လာပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံက အခုလို ဆိုခဲ့တာ ဖြစ်ပါတယ်။

အခု လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ သတင်းသမားတွေ ဖမ်းဆီးခံခဲ့ရတာနဲ့ စပ်လျဉ်းပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂ တို့က မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့် အတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က  ၆၆ ဃ ဥပဒေကို ဘယ်လို ပြင်ဆင်ဖို့ စီစဉ်ထားတယ်လို့တော့ မပြောဆိုခဲ့ပါဘူး။

မြန်မာ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ လက်ရှိ ၆၆ ဃ ဥပဒေမှာ စွပ်စွဲခံရသူ အာမခံ မရတဲ့ အချက် ကို ပြင်ဆင်နိုင်တယ်လို့ နိုင်ငံခြား သံတမန် တွေကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။

ဓာတ်ပုံ - REUTERS/Soe Zeya Tun

ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment