Latest News

Wednesday, July 12, 2017

ဦးဝီရသူနဲ့ တခြား သံဃာ ၇ ပါးကို မန္တလေးတိုင်း မဟန ပင့်ခေါ်

ဦးဝီရသူနဲ့ တခြား သံဃာ ၇ ပါးကို မန္တလေးတိုင်း မဟန ပင့်ခေါ်

မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့က ဦးဝီရသူ အပါအဝင် တခြား သံဃာ ၇ ပါးကို တိုင်း သံဃနာယက အဖွဲ့ရုံးကို ပင့်ခေါ်ထားပါတယ်။

သာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးနဲ့ စပ်လျဉ်းပြီး ဆွေးနွေးတိုင်ပင် တင်ပြဖို့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၅ နာရီမှာ တိုင်းသံဃနာယကအဖွဲ့ ရုံးထိုင်ရာ မစိုးရိမ်ကျောင်းတိုက်၊ ပါဠိနယူပဒေသကျောင်းကို ပင့်ခေါ်တာ ဖြစ်ပါတယ်။

ဒါပေမယ့် မနေ့ကနဲ့ ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့ သတင်းတွေအရ ဦးဝီရသူဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။

ဦးဝီရသူနဲ့အတူ ပင့်ခေါ်ခံရတဲ့ သံဃာတွေကတော့ ဘဒ္ဒန္တ ကုသလ၊ ဦးပညာသာမိ၊ ဘဒ္ဒန္တ ဣန္ဒာစက္ကာဘိဝံသ၊ ဘဒ္ဒန္တ ဝဏ္ဏိတ၊ ဘဒ္ဒန္တဇဋိလ၊ ဘဒ္ဒန္တယသနဲ့ ဘဒ္ဒန္တ သုမနတို့ ဖြစ်ပါတယ်။
MCN TV (NEWS CHANNEL)

No comments:

Post a Comment