Latest News

Wednesday, July 12, 2017

စွန်ရဲစီမံချက်နဲ့ ရန်ကုန်မှာ လူဆိုးလူမိုက် ၆၅၀ ကျော်ကို ခြေချုပ်နဲ့ ထိန်းသိမ်း

စွန်ရဲစီမံချက်နဲ့ ရန်ကုန်မှာ လူဆိုးလူမိုက် ၆၅၀ ကျော်ကို ခြေချုပ်နဲ့ ထိန်းသိမ်း

ဒုစရိုက်မှုတွေမကြာခဏ ဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ စွန်ရဲ စီမံချက်နဲ့ မြို့နယ်အနှံ့ရှိ ခိုးဆိုးလုနှိုက်ကျူးလွန်သူတွေနဲ့ အဆက်အသွယ်ရှိနေတဲ့ လူဆိုးလူမိုက်အယောက် ၆၅၀ ကျော်ကို ခြေချုပ်နဲ့ အမှုဖွင့်အရေးယူပြီး ထိန်းသိမ်းဆောင်ရွက်ထားတယ်လို့  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

လုယက်မှု၊ ခိုးမှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ မှုခင်း ကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က ဒီနှစ်မတ်လနဲ့ ဧပြီလတို့မှာ စွန်ရဲစီမံချက်အမှတ်စဉ်(၁) ကို စတင်ဆောင်ရွက်ခဲ့တာပါ။

စီမံချက်အရ ခြေချုပ်နဲ့ ၃၅၂ ယောက်ကိုထိန်းသိမ်းနိုင်ခဲ့ပြီး မူးယစ်ရမ်းကားသူ ၂၃၀ဝ ဦးကျော်ကို ရဲအက်ဖြင့်အရေးယူနိုင်ခဲ့ပြီး မေလနဲ့ ဇွန်လတို့မှာ စွန်ရဲစီမံချက်အမှတ်စဉ်(၂) ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ခြေချုပ်နဲ့ ၃၀၄ ယောက်ကို ထပ်မံထိန်းသိမ်းခဲ့ပြီး မူးယစ်ရမ်းကားသူ ၂၂၀ဝ ဦးကျော်ကို ရဲအက်နဲ့ အရေးယူနိုင်ခဲ့ပါတယ်။

စွန်ရဲ (၁) နဲ့ (၂) မှာ ခိုးမှုနဲ့ မသင်္ကာသူ ၁၅၅၄ ဦးကို ဖမ်းဆီး အရေးယူခဲ့ပြီး လက်နက်ပုန်းကိုင်ဆောင်မှု ၅၅၅ မှု၊ လောင်းကစားမှု ၂၈၈မှု၊ ပြည့်တန်ဆာမှု ၁၉၉ မှု၊ ယစ်မျိုးမှု ၇၀၈ မှု၊ မူးယစ်ဆေးဝါးမှု ၄၁၅ မှု၊ ဆင်ဆာမဲ့ဗီဒီယိုအမှု ၇၃ မှုတို့ကိုအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

Source : The Voice

Duwun

No comments:

Post a Comment