Latest News

Wednesday, June 28, 2017

မီတာခ တိုးမြှင့်ကောက်ခံဖို့ ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းကာ Tariff Policy ကို ရေးဆွဲနေ

မီတာခ တိုးမြှင့်ကောက်ခံဖို့ ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းကာ Tariff Policy ကို ရေးဆွဲေ


နေပြည်တော်၊ ဇွန် ၂၆ - လျှပ်စစ်ဖြန့်ဖြူးရေးအတွက် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က နိုင်ငံတော် ကနေ ကျပ် ၃၃၇ ဘီလျံအရှုံးပေါ်ခဲ့တာ ကြောင့် သင့်တော်တဲ့ဓာတ်အားခနှုန်းတစ် ခု ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းကာ Tariff Policy ကို ရေးဆွဲနေတယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က “လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်မှ စိုက်ထုတ် ကျခံသုံးစွဲရမှု လျှော့ချနိုင်ရေးနှင့် သင့် လျော်သော ဓာတ်အားခနှုန်းထားတစ်ခု သတ်မှတ်နိုင်ရေးတို့အတွက် ကမ္ဘာ့ဘဏ် နှင့် ပူးပေါင်းပြီး Tariff Policy ကို ရေးဆွဲနေပါတယ်”လို့ ယနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

အရှုံးခံစိုက်ထုတ်


နိုင်ငံပိုင်နှင့် ပုဂ္ဂလိကစက်ရုံတွေက ထုတ်လုပ်တဲ့ ဓာတ်အားတစ်ယူနစ် ကုန်ကျစရိတ် ၉၁့၉၂ ကျပ်ခန့်ရှိသော်လည်း ဓာတ်အားတစ်ယူနစ်အတွက် ပြန်လည်ကောက်ခံရရှိငွေဟာ ပျမ်းမျှ ၆၉.၂၆ ကျပ်သာဖြစ်တာကြောင့် နိုင်ငံတော်ဘတ် ဂျက် မှ ဓာတ်အား တစ်ယူနစ်တိုင်းအတွက် ၂၂.၆၆ ကျပ်ခန့်စိုက်ထုတ်ပေးရတဲ့ အခြေအနေ ဖြစ်သဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စုစုပေါင်း ၃၃၇ ဘီလျံကျပ်ခန့် အရှုံးခံစိုက် ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

လျှပ်စစ်ဓာတ်အားခကို အိမ်သုံးနဲ့ စီးပွား ရေးသုံး/စက်မှုလုပ်ငန်းသုံးဟု နှစ်မျိုးခွဲခြား ကောက်ခံလျက်ရှိပါတယ်။ အိမ်သုံး ဓာတ်အား တစ်ယူနစ်လျှင် အနိမ့်ဆုံး ၃၅ ကျပ်မှ အမြင့်ဆုံး ၅၀ ကျပ်၊ စီးပွားရေးလုပ်ငန်း/ စက်မှုလုပ်ငန်း သုံးဓာတ်အား တစ်ယူနစ်လျှင် အနိမ့်ဆုံး ၇၅ ကျပ်မှ အမြင့် ဆုံး ၁၅၀ ကျပ် သုံးစွဲသော ဓာတ်အား ယူနစ် အလွှာလိုက်နှုန်းထားတွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မြို့နယ် ၁၉ မြို့နယ်မှာ ကုမဏီ ၁၂ ခု ကို လျှပ်စစ်ဓာတ်အား ကောက်ခံခြင်းလုပ် ငန်းအတွက် ကန်ထရိုက်ပေးထားခြင်း မဟုတ်ဘဲ YESC ကိုယ်စား ဓာတ်အားဖြန့်ဖြူးရောင်းချခြင်း ပဋိညာဉ်စာချုပ်ဖြင့် ဓာတ်အားဖြန့်ဖြူးခြင်းနဲ့ လက်လီရောင်း ချခြင်းလုပ်ငန်းထပ်ဆင့်ဆောင်ရွက်မှု (Franchise) ခွင့်ပြုထားပါတယ်။


လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ် ငန်းတွေ မြို့နယ်တွေအလိုက် ပုဂ္ဂလိက ကုမဏီတွေနဲ့ ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိကကုမဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းရေးဆွဲထားတဲ့စာချုပ် (မူကြမ်း) ကို ပြန်လည်ပြင်ဆင်ပြီး စာချုပ်ပါ အချက် အလက်တွေကို ပွင့်လင်းမြင်သာစွာချပြခဲ့ ပြီးမှ Franchise စာချုပ်ချုပ်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

လျှပ်စစ်ဓာတ်အားခနှုန်းထားတွေနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်း အင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူတွေနဲ့ တတ်သိကျွမ်း ကျင်သူတွေကို ဖိတ်ခေါ်ကာ ၂၀-၄- ၂၀၁၇ ရက်နေ့မှာ ပထမအကြိမ်နှင့် ၈-၅-၂၀၁၇ ရက်နေ့တွင် ဒုတိယအကြိမ် ကျင်းပခြင်း၊ တက်ရောက်သူတွေရဲ့ ဆွေးနွေးအကြံပြုချက်တွေ ရယူခြင်းတွေ ဆောင်ရွက်နေတယ်လို့လည်း ဒုဝန် ကြီး က ဆိုပါတယ်။

ယနေ့ ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်က မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကောက်ယူနေတဲ့ လျှပ်စစ်မီတာခကို သင့်တင့်မျှတသောဈေးနှုန်း ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ ရာ ဒု ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။


ချိုဇင်မာဝင့်/Kumudra


No comments:

Post a Comment