Latest News

Tuesday, June 27, 2017

SSA (၀မ်ဟိုင်း)အဖွဲ့ဝင်တစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

SSA  (၀မ်ဟိုင်း)အဖွဲ့ဝင်တစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၏အရှေ့ဘက် ၂ ဖာလုံခန့်အကွာရှိ ပန်ခေါက်ဝိုးကျေးရွာအနီး လွိုင်လင်-နမ့်စန်သွားကားလမ်း၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးလျက်ရှိစဉ် ဇွန် ၂၅ ရက် ညနေ ၅ နာရီခန့်တွင်လွိုင်လင်မြို့ဘက်မှ နမ့်စန်မြို့ဘက်သို့ စိုင်းကျော်ဦး(ဘ) ဦးဖုန်းကျော် မောင်းနှင်လာသည့် ကာဒီးနားအမျိုးအစားမော်တော်ယာဉ် အမှတ် 9F/------ တပ်ဆင်ထားသော လိုင်စင်မဲ့မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ရှေ့ခန်း တူးဘောက်အတွင်းမှ အချိုရည်ဘူးခွံအတွင်းထည့်ထားသည့် ဘိန်းဖြူမှုန့် ၈ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂ သိန်းခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် SSA (၀မ်ဟိုင်း)အဖွဲ့၊ ၀မ်ဟိုင်းဌာနချုပ်၌ တပ်သား အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ လက်ရှိတွင်တာဟုန်းတံတား၌ တာဝန်ထမ်းဆောင်လျက် ရှိရာမှ သစ်အရောင်းအ၀ယ်ကိစ္စဖြင့် ကျိုင်းတောင်းမြို့ဘက်သို့သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိ ရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသူအား လွိုင်လင်မြို့မရဲစခန်း၌တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှသတင်းထုတ်ပြန်ထားသည်

No comments:

Post a Comment