Latest News

Tuesday, June 27, 2017

စက်လှေ ၁ဝ စင်းနှင့် အင်ဂျင်သီးသန့်နှစ်လုံး ခိုးယူသူများကို ဖော်ထုတ်အရေးယူ

စက်လှေ ၁ဝ စင်းနှင့် အင်ဂျင်သီးသန့်နှစ်လုံး ခိုးယူသူများကို ဖော်ထုတ်အရေးယူ

နေပြည်တော် ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံမြို့မရဲစခန်း(ပ)၅ဝ/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ အမှုမှ မသင်္ကာတရားခံများဖြစ်သည့် ကျိုက်လတ် မြို့နယ် သံကြိုးတိုင်ကျေးရွာနေ ကျော်မြင့်ဦး(၂၈)နှစ်နှင့် တစ်ရွာတည်းနေ တင်ဦး(၄၈)နှစ်တို့ကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့၊ အမှုစစ်အဖွဲ့က စစ်ဆေးခဲ့ရာ ကျော်မြင့်ဦးသည် ချစ်ဆန်း(စိစစ်ဆဲ)နှင့်အတူ လွန်ခဲ့သောလေးနှစ်ခန့်က ဟွန်ဒါ ချိန်းဆွဲပန်ကာသုံးလက်ပါ အင်ဂျင်တပ်ဆင်ထားသည့် ဖိုက်ဘာခွံစက်လှေ တစ်စင်းကိုလည်းကောင်း။
လွန်ခဲ့သောသုံးနှစ်ခန့်က အလျား(၁၄)တောင်ခန့်ရှိ ကျွန်းသားခွံ (အင်ဂျင် မပါ) စက်လှေတစ်စင်းကိုလည်းကောင်း၊ လွန်ခဲ့သောနှစ်နှစ်ခန့်က အလျား ၁၃ တောင်ခန့် ကျွန်းသားခွံ (အင်ဂျင်မပါ)စက်လှေတစ်စင်းနှင့် အလျား(၁၄)တောင်ခန့် ဟွန်ဒါချိန်းဆွဲပန်ကာသုံးလက်ပါ အင်ဂျင်တပ်ဆင်ထားသည့် ဖိုက် ဘာခွံစက်လှေတစ်စင်းတို့ကိုလည်းကောင်း၊ လွန်ခဲ့သောတစ်နှစ်ကျော်ခန့်က အလျား ၁၄ တောင်ခန့် ဟွန်ဒါချိန်းဆွဲ ပန်ကာသုံးလက်ပါ အင်ဂျင်တပ်ဆင် ထားသည့် ဖိုက်ဘာခွံ စက်လှေတစ်စင်းနှင့် အလျား ၁၅ တောင်ခန့် ဟွန်ဒါချိန်းဆွဲ ပန်ကာသုံးလက်ပါ အင်ဂျင်တပ်ဆင်ထားသည့် ဖိုက်ဘာခွံစက်လှေတစ်စင်းတို့ကို လည်းကောင်း၊ ကျော်ထူး(စိစစ်ဆဲ)နှင့်အတူ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က အလျား(၁၄)တောင်ခန့် Kenbo အမျိုးအစား မြင်းကောင်ရေ ၁၃ ကောင် အင်ဂျင်တပ် သစ်သားခွံစက်လှေတစ်စင်းကိုလည်းကောင်း ခိုးယူခဲ့ကြောင်း။

ထို့အပြင် ကျော်မြင့်ဦး၊ ချစ်ဆန်း၊ တင်ဦးတို့နှင့်အတူ လွန်ခဲ့သောတစ် နှစ်ကျော်ခန့်က ပန်းတနော်မြို့နယ် ပြည်တော်သာကျေးရွာချောင်းအတွင်းမှ စပါး ၄ဝဝ ခန့်ပါ သစ်သားခွံစက်လှေတစ်စင်းတို့ကိုလည်းကောင်း၊ လွန်ခဲ့သော ၁၁ လခန့်က ပြည်တော်သာကျေးရွာချောင်းစပ်တွင်ရပ်ထားသည့် စပါး ၃၅ဝ ခန့်ပါ သစ်သားခွံ စက်လှေတစ်စင်းကိုလည်းကောင်း၊ လွန်ခဲ့သောခြောက်လခန့်က မအူပင်မြို့အနီး မြစ်ကမ်းဘေးမှ စပါး ၁၅ဝ ခန့်ပါ သစ်သားခွံစက်လှေတစ်စင်းကို လည်းကောင်း။

လွန်ခဲ့သောတစ်လကျော်ခန့်က ဖျာပုံမြို့နယ် ရှမ်းကွင်းကျေးရွာအနီး မြစ်ကမ်းဘေးတွင်ရပ်ထားသည့် ငါးဖမ်းစက်လှေပေါ်မှ ကာဝါအမျိုးအစား ခုနစ်ကောင်ခွဲပန်ကာနှစ်ရွက်ပါ အနက်ရောင်အင်ဂျင်တစ်လုံးနှင့် ဒေးဒရဲမြို့ နယ် တမော့ဝကျေးရွာအနီး မြစ်ကမ်းဘေးတွင်ရပ်ထားသည့် ငါးဖမ်းစက်လှေ ပေါ်မှ ကာဝါအမျိုးအစားခုနစ်ကောင်ခွဲ ပန်ကာနှစ်ရွက်ပါ အနက်ရောင်အင်ဂျင် တစ်လုံးတို့ကိုလည်းကောင်း ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ သက်သေခံ ပစ္စည်းများ လိုက်လံသိမ်းဆည်းပြီး သက်ဆိုင်ရာရဲစခန်းအသီးသီး၌ အမှုဖွင့် အရေးယူထားကာ ကျန်ရှိတရားခံများ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
The Mirror Daily

No comments:

Post a Comment