Latest News

Tuesday, June 27, 2017

ကျူးကျော်နေထိုင်သူများ၏ မိသားစုများမှ ဆယ်တန်းအောင်မြင်ပြီး ထောက်ခံစာ မရရှိ၍ အလုပ်ဝင်ရန် အခက်အခဲဖြစ်နေမှုများကို အမြန်ဆုံး စီစဉ် ဆောင်ရွက်ပေးသွားမည်ဟုဆို

ကျူးကျော်နေထိုင်သူများ၏ မိသားစုများမှ ဆယ်တန်းအောင်မြင်ပြီး ထောက်ခံစာ မရရှိ၍ အလုပ်ဝင်ရန် အခက်အခဲဖြစ်နေမှုများကို အမြန်ဆုံး စီစဉ် ဆောင်ရွက်ပေးသွားမည်ဟုဆို


ကျူးကျော်နေထိုင်သူများ၏ မိသားစုများမှ ဆယ်တန်းအောင်မြင်ပြီး ထောက်ခံစာမရရှိ၍ အလုပ်ဝင်ရန် အခက်အခဲ ဖြစ်နေမှုများကို အကောင်း ဆုံးဖြေရှင်းနိုင်ရန် အမြန်ဆုံး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ဇွန်လ ၂၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“တရားဥပဒေစိုးမိုးရေးကို အပြင်းအထန် ကြိုးစားနေတဲ့အချိန်မှာ ယာယီရွှေ့ပြောင်း နေထိုင်သူပဲပြောပြော၊ ကျူးကျော်နေထိုင်သူပဲ ပြောပြော မျိုးဆက်သုံးဆက်လောက် အိမ်ထောင်စုစာရင်း မရှိခဲ့တဲ့ မှတ်ပုံတင်မရှိခဲ့တဲ့ ကလေးတွေက ဒီနှစ်ဆယ်တန်းအောင်လို့ ဘွဲ့တွေရလို့ လုပ်ငန်းခွင်ကို ၀င်တဲ့အချိန်မှာ အလုပ်လုပ်မယ်ဆို မှတ်ပုံတင် အိမ်ထောင်စုစာရင်း မရှိတဲ့အတွက် ထောက်ခံစာ မရရှိတဲ့အတွက် ဂုဏ်ရှိတဲ့ အလုပ်ကိုလုပ်ကိုင်နိုင်ဖို့ လူ့အသိုင်းအ၀ိုင်းက ငြင်းဆန်ခြင်း ခံရပါတယ် ဒါတွေကမဖြစ်သင့်ပါဘူး။ အမှောင်လောကထဲကို တွန်းပို့လိုက်သလို ဖြစ်သွားပါတယ်။ ၀န်ကြီးဌာနအနေနဲ့ ဒီကိစ္စကို ဌာနတွင်း လုပ်ထုံးလုပ်နည်းများ စည်းမျဉ်းစည်းကမ်းများ နဲ့ ဘယ်အချိန် လောက်မှာ ဖြေရှင်းပေးနိုင်မလဲ”ဟု  လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၏ ထပ်ဆင့်မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ကျူးကျော်နေထိုင်သည့် ပြည်သူများအတွက် ဖြေလျှော့ပေးရန် ကိစ္စများကို စဉ်ဆက်မပြတ် စဉ်းစားလျှက်ရှိပြီး လွှတ်တော် ကိုယ်စားလှယ် ကြီးမေးသည့် ကိစ္စကိုလည်း ယခုအချိန်မှ စတင်ကာ စဉ်းစားဆောင်ရွက် နေကြောင်း၊ အဖြေထွက်ရှိသည့်အခါ အမြန်ဆုံး အခြားဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့အတူ ဥပဒေပိုင်းဆိုင်ရာ အခက်အခဲရှိပါကလည်း နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ပြည်သူလူထု အကျိုးစီးပွားကို ချိန်ညှိပြီး ဖြေလျော့ပေး မှုများကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ယင်းပြသနာများကို ဖြေရှင်းနိုင်ရန်အတွက် EID စနစ်ကို ဆောင်ရွက်ရန် လည်း စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။

သတင်း - ဇော်မင်းထွန်း
ဓာတ်ပုံ - စိုင်းဟန်
The Ladies News

No comments:

Post a Comment