Latest News

Friday, June 9, 2017

အင်းဝအပ်ချုပ်ဆိုင်အမှု တရားသူကြီး ပြောင်းလဲစစ်ဆေး

အင်းဝအပ်ချုပ်ဆိုင်အမှု တရားသူကြီး ပြောင်းလဲစစ်ဆေး

အိမ်အကူမိန်းကလေး နှစ်ဦးကို ကိုယ်လက်အင်္ဂါချို့ယွင်း အောင် နှိပ်စက်မှုဖြင့် တရားစွဲဆို ခံထားရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုကို စစ်ဆေးနေသည့် တရားသူကြီးသည် သက်ပြည့်ပင်စင်ယူ သွားသဖြင့် အမှုအတွက် ပြန်ခေါ်သက်သေများကို တရားသူကြီးအ သစ်က ဇွန်လ ၈ ရက်တွင် စတင် စစ်ဆေးခဲ့သည်။

တရားလိုပြသက်သေများ အားလုံးကို စစ်ဆေးပြီး၍ သံသ ယရှိသူ အင်းဝအပ်ချုပ်ဆိုင်မိသား စုဝင်ခြောက်ဦးကို မေလ ၂၅ ရက် တွင် စွဲချင်တင်သည့် အမိန့်ချပြီး နောက် ပြန်ခေါ်သက်သေများ ကိုစစ်ဆေးချိန်တွင်  တရားသူကြီးနောက်တစ်ဦးက ပြောင်းလဲစစ်ဆေးခြင်းဖြစ်သည်။

တရားခွင်တွင် အသစ် ပြောင်းရွှေ့လာသည့် တရားသူ ကြီးက ရာဇဝတ်ကျင့်ထုံးပုဒ်မ ၃၅၀ အရ တရားခွင်ကို အစက ပြန်စစ်ရန် (သို့မဟုတ်) ရောက် သည့်နေရာကို စစ်ဆေးရမည်လားဟု  စွပ်စွဲခံရသူများကို မေးမြန်းသည်။ ၎င်းတို့က ရောက်သည့်နေရာက စစ်ဆေးခံလိုကြောင်း ဖြေကြားသည်။

‘‘တရားသူကြီး ပြောင်းပေ မယ့် ကျွန်တော်တို့က အမှုကို အစက ပြန်မစစ်ပါဘူး။ ရောက်တဲ့နေ ရာကနေပဲ ပြန်စစ်ပါတယ်။ ပြန်ခေါ်သက်သေတွေကို ပြန်စစ်တဲ့ နေရာက စပါတယ်။ မဟုတ်ရင်ကိုယ့်လူတွေမှာ အကြာကြီးဖြစ်နေမှာပေါ့’’ဟု စွပ်စွဲခံရသူများဖြစ် သည့် ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ ဦးတင်မင်းလတ်တို့၏ အကျိုးတော်ဆောင် တရားလွှတ်တော် ရှေ့နေဦးသန်းမြင့်က ပြောသည်။ဇွန်လ ၁၃ ရက်တွင် ပြန်ခေါ်သက်သေများကို ထပ်မံစစ်ဆေးမည် ဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်မိသားစု ဝင်များက ဆယ်ကျော်သက်အ ရွယ် အိမ်အကူမိန်းကလေးနှစ်ဦး ကို လက်ဆယ်ချောင်းလှန်ချိုး ခြင်း၊ နှာခေါင်းရိုးကို ဓားဖြင့် ခုတ်ခြင်းစသည့် ဒဏ်ရာများ ရရှိ အောင် နှိပ်စက်ပြီး လုပ်ခလစာ မပေးဟု ဆိုသဖြင့် အနောက်ပိုင်းခရိုင်တရားသူကြီး ဒေါ်ဆွေဆွေ က ၂၀၁၆ အောက်တိုဘာ ၂၀ ရက်ကစ၍ စစ်ဆေးခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်အမှုကို တရားလိုပြသက်သေ ၁၄ ဦး စစ် ဆေးခဲ့ပြီး မေလ ၂၅ ရက်တွင် စွဲ ချက်တင်အမိန့်ချသည့် ရုံးချိန်း အပါအဝင် ရုံးချိန်းပေါင်း ၄၀ ခန့် စစ်ဆေးခဲ့ကြောင်း ဥပဒေအရာ ရှိထံမှ သိရသည်။

ပြန်ခေါ်သက်သေ လူမှုဝန် ထမ်းကျောင်းမှ ဒုကျောင်းအုပ် ဒေါ်စန်းစန်းထွေးကို စတင်စစ် ဆေးသည့် ၂၀၁၇ ဇွန်လ ၈ ရက်ရုံးချိန်းတွင် အင်းဝအပ်ချုပ်ဆိုင် အမှုကို ပြောင်းလဲစစ်ဆေးသော ခရိုင်တရားသူကြီး ဒေါ်အေးအေးသန်းသည် နေပြည်တော်ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး မှ ပြောင်းရွှေ့လာကြောင်းက လွဲ၍ အခြားအမှုနှင့် သက်ဆိုင် သည့် မေးမြန်းချက်များကို သတင်းထောက်များအား ဖြေကြားခြင်းမရှိပေ။

အင်းဝအပ်ချုပ်ဆိုင်မိသား စု၏ ရှေ့နေများက ပြန်ခေါ်သက် သေအဖြစ် စစ်ဆေးရန် တရားလို ပြအဓိကသက်သေဖြစ်သည့် အိမ် အကူမိန်းကလေးများဖြစ်သော မသဇင်၊ မစန်းကေခိုင်နှင့် အုပ် ထိန်းသူ မိဘများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ တရားလိုရဲမှူး များကို တောင်းဆိုသည်။

‘‘သက်သေတွေ အကုန်လုံး ကို ပြန်ခေါ်နေတာ မကြိုက်တော့ မကြိုက်ဘူး။ တရားသူကြီးအသစ် ရောက်လာတာ ဘာမှ မစိုးရိမ်ပါ ဘူး။ သူ့လုပ်ထုံးလုပ်နည်းနဲ့ သူ လုပ်ကြတာပါပဲ’’ဟု အမှုတွင် ပြန်ခေါ်သက်သေအဖြစ် လာ ရောက်ထွက်ဆိုသူ ဒေါ်စန်းစန်းထွေးက ဆိုသည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၊ သမီးငယ် ဒေါ်စု မွန်လတ်၊ သား ဦးတင်မင်းလတ် နှင့် သမက်ကိုရာဇာထွန်းတို့ကို ကလေးသူငယ်ဆိုင်ရာ ဥပဒေပုဒ် မ ၆၆(ဃ)၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၂၉၊  အပြင်းအထန်နာကျင်စေမှု၊ ချုပ် နှောင်ထားမှုအတွက် ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၂၅/၃၄၄ စုစု ပေါင်း ပုဒ်မသုံးခုဖြင့် စွဲချင်တင် ထားသည်။ သမီးကြီး ဒေါ်သီရိလတ်နှင့် ဒေါ်တင်သူဇာ၏ အမျိုးသား ဦးကိုလတ်ကို လူကုန်ကူးမှုတွင် အားပေးအားမြှောက်ပြုမှု၊ ပူးပေါင်းကြံစည်မှုပုဒ်မ၂၄/၂၉/၃၂ နှင့် အပြင်းအထန်နာကျင်စေမှု၌ အားပေးအားမြှောက်ပြုမှု၊ ပူးပေါင်းကြံစည်မှုပုဒ်မ ၃၂၅/၁၄၄ စုစုပေါင်းပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ထားသည်။

7Day News

No comments:

Post a Comment