Latest News

Friday, June 9, 2017

အောက်တိုဘာကစ၍ ပြည်တွင်းသို့ တင်သွင်းသည့် ဟန်းဆက်အားလုံး ယူနီကုတ်စနစ် ထောက်ပံ့ရမည်

အောက်တိုဘာကစ၍ ပြည်တွင်းသို့ တင်သွင်းသည့် ဟန်းဆက်အားလုံး ယူနီကုတ်စနစ် ထောက်ပံ့ရမည်

အောက်တိုဘာကစတင်၍ တင်သွင်းသည့် ဖုန်းဟန်းဆက်အား လုံးကို ယူနီကုတ်စနစ်ထောက်ပံ့ ရန် အစိုးရကစီစဉ်ဆောင်ရွက် ထားကြောင်း မြန်မာနိုင်ငံကွန်ပျူ တာ အသင်းချုပ် တွဲဖက်အတွင်း ရေးမှူးဒေါက်တာ ထွန်းသူရသက် ကပြောသည်။

‘‘အောက်တိုဘာမှာတော့ ဖုန်းဟန်းဆက် တင်သွင်းသူတွေ ကို ယူနီကုတ်ကို ထောက်ပံ့ပေး ဖို့ပြောတယ်။ ဇော်ဂျီကို မထောက် ပံ့နဲ့ ပြောတာမဟုတ်ဘူး။ အဲဒီအ ချိန် ရောက်ရင်တော့ ဖုန်းအားလုံး က ယူနီကုတ်ကို ပြောင်းသုံးဖို့အ ဆင်ပြေသွားလိမ့်မယ်။ ယူနီကုတ် ဘယ်လောက်ကောင်းကောင်း လူ တွေကပြောင်းချင်တိုင်းပြောင်းလို့ မရဘူး။ ဆက်သွယ်ရေး ပို့တာတွေ ကလည်း ဇော်ဂျီ။ နောက်သူ့ဖုန်းက လည်း ဇော်ဂျီဖြစ်နေတာကို’’ဟု  ဒေါက်တာထွန်းသူရသက်က ပြော ကြားသည်။

စက်ရုံမှထွက်ရှိသည့် မိုဘိုင်း ဟန်းဆက်အများစုသည် ယူနီ ကုတ်စနစ်ကို ထောက်ပံ့ပေးနိုင် သော်လည်း မြန်မာနိုင်ငံရှိ အသုံး ပြုသူများ၏ လိုအပ်ချက်ကြောင့် ဟန်းဆက်တင်သွင်းရောင်းချသူ များသည် ဇော်ဂျီစနစ်ကို ပြောင်း လဲ ထည့်ပေးနေရခြင်းဖြစ်သည် ဟု ဆမ်ဆောင်းကုမ္ပဏီမှ ကိုဇာ နည်ဝင်းထက်ကပြောသည်။

‘‘တော်တော်များများက ဇော်ဂျီနဲ့သုံးထားတော့ ယူနီကုတ်နဲ့ သုံးရတာ ပိုလွယ်ကူပြီး အဆင်ပြေ တယ်ဆိုတာ ဝိုင်းဝန်းပညာပေး လုပ်ပေးမှ ရမယ်ထင်တယ်။ ကျွန် တော်တို့ချည်းပဲမရဘူး။ တော် တော်များများက ကျွန်တော်တို့ မြန် မာစာပုံမှန်ရေးသလို ရေးလိုမရဘူး လို့ သဘောပေါက်ထားတာကိုး။ ယူနီကုတ်လုပ်တဲ့လူတွေက လုပ် လို့ရတယ်ပြောထားတော့ အကုန် လုံးအခမဲ့ဝေပြီး အားလုံးလုပ်ရင်း လုပ်ရင်းနဲ့သွားမှရမယ်ထင်တယ်။ အဓိကက သုံးစွဲသူတွေပါလာ အောင် လုပ်ပေးမှရမှာပေါ့’’ဟု  ကို ဇာနည်ဝင်းထက်က ပြောသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် မိုဘိုင်းဟန်းဆက် များ တင်သွင်းခြင်း၌ ယူနီကုတ် စနစ်ထောက်ပံ့ပေးရန် ကန့်သတ် ထားခြင်း မရှိသေးသော်လည်း ညွှန်ကြားလာပါကထုတ်ပြန်မည် ဖြစ်ကြောင်း ယင်းဦးစီးဌာန ပြော ရေးဆို ခွင့်ရှိသူ ဦးမျိုးဆွေကပြော သည်။

‘‘အားလုံးသိတယ်။ အကုန် လုံးက ယူနီကုတ်သုံးလို့ရတယ်။ မြန်မာပြည်ရောက်မှ ပြန်လုပ်ပြီး သုံးနေကြတာ။ ဒီမှာပြန်မလုပ်ဖို့ပဲ လိုတာပါ။ စာထုတ်ဖို့ကတော့ ညွှန် ကြားလာရင်ထုတ်မှာပါ။ အရင်က တည်းက ဌာနဆိုင်ရာတွေမှာ သုံးဖို့ အတွက် စာထုတ်ထား တာတော့ရှိ တယ်လေ’’ ဟု ဦးမျိုးဆွေကပြော သည်။

အခြားသောနိုင်ငံများသို့ ဖြန့်ချိသည့် ဟန်းဆက်များကို မြန်မာ နိုင်ငံအတွင်း ပြန်လည်ဖြန့်ချိသည့် အခါ ဇော်ဂျီစနစ် ပြန်လည်ထည့် သွင်းပေးရ သော်လည်း မြန်မာ နိုင်ငံအတွက် သီးသန့်တင်သွင်း  သည့်ဟန်းဆက်များသည် ဈေး ကွက်လိုအပ် ချက်အရ ဇော်ဂျီစနစ်  အသုံးပြုနိုင်ရန် လုပ်ဆောင်ထား သည်ဟု OPPO ပြန်ကြားရေးတာဝန်ခံ ကိုဝေဖြိုးအောင်က ပြော သည်။

‘‘စလာကတည်းက ဈေး ကွက်ကို အရင်လေ့လာတဲ့အခါ နိုင်ငံအတွက် ဇော်ဂျီကအဓိကဖြစ် နေတယ်။ နမူနာအဖြစ်ဖေ့စ်ဘွတ်ခ် ကိုကြည့်လည်းရတယ်။ ဇော်ဂျီက အဆင်ပြေတယ်။ ရေရှည်သွား မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ယူနီကုတ်ကို သဘောကျပါတယ်။ ဇော်ဂျီကတော့ အနေအထားတစ် ခုအရ သုံးနေရတာပေါ့နော်။ ယူနီ ကုတ်က ပါပြီးသားပဲ’’ ဟု ကိုဝေဖြိုး အောင်က ပြောသည်။

7Day News Journal

No comments:

Post a Comment