Latest News

Wednesday, June 28, 2017

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ဝင်ခွင့်ပုံစံမပြောင်းလဲဘဲ ယမန်နှစ်များကအတိုင်း ခေါ်ယူမည်

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ဝင်ခွင့်ပုံစံမပြောင်းလဲဘဲ ယမန်နှစ်များကအတိုင်း ခေါ်ယူမည်

ရန်ကုန်၊ ဇွန် ၂၇

ယခုပညာသင် နှစ်အတွက် မြန်မာနိုင်ငံလေကြောင်း နှင့်အာကာသပညာတက္ကသိုလ်ဝင် ခွင့်ကို ယခင်နှစ်အတိုင်းသတ်မှတ် ထားကြောင်း သိရသည်။၂၀၁ရခုနှစ် တက္ကသိုလ်ဝင် တန်းအောင်ကျောင်းသား၊ ကျောင်း သူများကို ဝင်ခွင့်ပေးရန် မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်၏ဝင်ခွင့်အမှတ်ကို ယခင် နှစ်ကသတ်မှတ်ခဲ့သောအနိမ့်ဆုံး အမှတ်၄၂ဝနှင့်အထက်ရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသ ပညာတက္ကသိုလ်သို့ အမျိုးသမီး   ဝင်ခွင့်အား စုစုပေါင်းဝင်ခွင့်၏ ၂၀ ရာခိုင်နှုန်းကို ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ သိရသည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သည် ၂၀၁၄-၂၀၁၅ပညာသင်နှစ်မှ စတင် ပြီး မိန်းကလေးများကိုပါ ၂၀ ရာခိုင် နှုန်းဝင်ခွင့်ပေးခဲ့ရာ ယခုနှစ်နှင့်ဆို လျှင် သုံးနှစ်မြောက်အထိရှိပြီဖြစ် ကြောင်း သိရသည်။""ဦးရေကတော့ ၁၄၀ ပဲသတ် မှတ်တယ်။ ဒါပေမဲ့ လက်ခံနိုင်တဲ့အတိုင်းအတာအရတော့နည်းနည်း ပိုလက်ခံတာမျိုးတော့ရှိတာပေါ့""ဟု မြန်မာနိုင်ငံလေကြောင်းနှင့် အာ ကာသပညာတက္ကသိုလ်၏သင်တန်း ရေးရာဌာနမှတာဝန်ရှိသူတစ်ဦးက ဇွန် ၂၇ ရက်က ပြောသည်။

၂၀၁၆ခုနှစ် တက္ကသိုလ်ဝင် တန်းအောင် ကျောင်းသား၊ ကျောင်းသူများလျှောက်ထားခဲ့သော မြန်မာ နိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်သို့ ကျောင်းသား၊ ကျောင်း သူ ၁၅၃ ဦးကို ဝင်ခွင့်ပေးခဲ့ပြီး ယောက်ျားလေး၁၂၆ ဦးနှင့် မိန်း ကလေး ၂၇ ဦးဖြစ်ကြောင်း၊ ယင်း ပညာသင်နှစ်အတွက် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၏ အမြင့်ဆုံးဝင်ခွင့်အ မှတ်မှာ ၅၀၁ မှတ်ဖြစ်ပြီး အနိမ့်ဆုံး မှာ ၄၄၄ မှတ်ဖြစ်ကြောင်းယင်းတက္က သိုလ်၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအ တွက် မြန်မာနိုင်ငံရှိသက်ဆိုင်ရာ စက်ရုံများ၊ ဌာနများတွင် တာဝန် ထမ်းဆောင်နိုင်သည့် လူ့စွမ်းအားအ ရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန်အတွက် မိန်းကလေးများကိုလည်း ခေါ်ယူခဲ့ပြီး အလုပ်အကိုင်အခွင့်အ လမ်းအတွက်လည်း နိုင်ငံတကာသုံး ဘွဲ့လက်မှတ်တစ်ခုဖြစ်ရန် ဆောင် ရွက်နေပြီဖြစ်ကြောင်း ယင်းတက္က သိုလ်မှ သိရသည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် ဘာသာရပ်ခြောက်ခုရှိပြီး ပထမနှစ် မှြ.န အထိစုစုပေါင်းခြောက်နှစ်တက် ရောက်ရကြောင်း၊ ယခုနှစ်အထိဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်း သူ ၆၀၀ကျော်ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
ATK
Democracytoday

No comments:

Post a Comment