Latest News

Wednesday, June 28, 2017

မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(မန္တလေး)သို့ တက္ကသိုလ်ဝင်တန်းရမှတ် ၄၅၀ နှင့်အထက်ရရှိသူ များ လျှောက်ထားနိုင်

မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(မန္တလေး)သို့ တက္ကသိုလ်ဝင်တန်းရမှတ် ၄၅၀ နှင့်အထက်ရရှိသူ များ လျှောက်ထားနိုင်

ရန်ကုန်၊ ဇွန် ၂၇

မြန်မာ့သတင်း အချက်အလက်နည်းပညာတက္က သိုလ်(မန္တလေး)သို့ ယခုနှစ်တက္ကသိုလ် ဝင်တန်းရမှတ် ၄၅၀ နှင့်အထက် ရရှိသူများလျှောက်ထားနိုင်ကြောင်း သိရသည်။၂၀၁ရခုနှစ် တက္ကသိုလ်ဝင်
တန်းအောင်မြင်ထားသူများအနေဖြင့် မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(မန္တလေး)သို့လျှောက်ထားမည်ဆိုပါကတက္က သိုလ်ဝင်တန်းရမှတ်ပေါင်း ၄၅၀ နှင့် အထက်ရရှိသူများလျှော
က်ထားနိုင်မည်ဖြစ်ရာ အဆိုပါကျောင်းကိုတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးတွင် အောင်မြင်သူမည်သူမဆို လျှောက် ထားနိုင်ကြောင်း၊ လျှောက်ထားမည် ဆိုပါက မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့တိုက်ရိုက် လျှောက်ထားရမည်ဖြစ်ကြောင်းအဆိုပါတက္ကသိုလ်မှ သိရသည်။

""ဒီနှစ်အတွက်လည်း ဝင်ခွင့် အမှတ်ကိုမပြောင်းဘဲ ခေါ်ယူဖို့တင် ထားပါတယ်။ အဆင့်မြင့်ပညာနှီး နှောဖလှယ်ပွဲမှာလည်း ဝင်ခွင့်အမှတ် မပြောင်းဘဲခေါ်ထားတယ်ဆိုတာကို ကြေညာထားပါတယ်""ဟုသတင်းအ ချက်အလက် နည်းပညာတက္ကသိုလ် မှတာဝန်ရှိသူတစ်ဦးက ဇွန် ၂၇ ရက် ကပြောကြားသည်။

မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ဝင်ခွင့်နှင့် ပတ် သက်ပြီး လျှောက်လွှာထုတ်ယူရ မည့်ရက်များကို နိုင်ငံပိုင်သတင်း စာများမှ ကြေညာပေးသွားမည်ဖြစ် ပြီး လျှောက်ထားလာသူများကို ဝင်
ခွင့်စာမေးပွဲဖြေဆိုစေပြီး အောင်မြင် သူများကိုဝင်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ဝင်ခွင့်မအောင်မြင်ပါကအခြား တက္ကသိုလ်များကိုတက်ရောက်ခွင့် မဆုံးရှုံးစေရန် အခြားတက္ကသိုလ် များကိုလည်း လျှောက်ထားရန်လို
အပ်ကြောင်း သိရသည်။

မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွင် ဘာသာရပ်လေးခုသင်ကြားနေပြီးSoftware Engineering, Electornis Communication,Visual Computing, Information Systemတို့ဖြစ်ကာ သင်တန်းကာလငါးနှစ်တက်ရောက် ရပြီး၊ သင်တန်းပြီးဆုံးပါက B.Tech သို့ B.Eဘွဲ့ရရှိမည်ဖြစ်သည်။

ယခင်နှစ်က မြန်မာ့သတင်းအ ချက်အလက်နည်းပညာတက္ကသိုလ် မှဘာသာရပ်တစ်ခုလျှင် သင်တန်း သားသင်တန်းသူ ၆၀ ခန့်ဖြင့်ဦးရေ  ၂၀၀ ခန့်လက်ခံသင်ကြားပေးခဲ့ ကြောင်း သိရသည်။
မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ဘွဲ့ကြိုသင် တန်းများကို၂၀၁၅ ခုနှစ် ဒီဇင်ဘာ လမှစတင်ပြီး လက်ခံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။                
ATK
Democracytoday

No comments:

Post a Comment