Latest News

Wednesday, June 28, 2017

ဖမ်းဆီးခံရသည့် သတင်းသမား(၃)ဦးဖြစ်စဉ်ကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်မထိခိုက်ဟု ဦးဝင်းထိန်ပြောကြား

ဖမ်းဆီးခံရသည့် သတင်းသမား(၃)ဦးဖြစ်စဉ်ကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်မထိခိုက်ဟု ဦးဝင်းထိန်ပြောကြား

ဇွန်လ(၂၆)ရက်က မတရားအသင်းနှင့်ဆက်သွယ်မှုပုဒ်မ-၁၇(၁)နဲ့ ဖမ်းဆီးခံထားရတဲ့ DVBသတင်းသမား(၂)ဦး၊ဧရာဝတီ သတင်းသမား(၁)ဦးတို့ရဲ့ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်နိုင်စရာမရှိဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်ကို မထိခိုက်နိုင်ပေမယ့်လည်း သတင်းသမား(၃)ဦးကို မတရားအသင်းဆက်သွယ်မှုနဲ့ အရေးယူရမှာဟာ တပ်မတော်က အရေးယူရမှာ မဟုတ်ဘဲ အစိုးရ ဒါမှမဟုတ် ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့က အရေးယူရမှာဖြစ်တယ်လို့ ဦးဝင်းထိန်က ဇွန်လ(၂၇)ရက် ညပိုင်းက နေပြည်တော်မှာရှိတဲ့ စည်ပင်ဧည့်ရိပ်သာ အခန်းမှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အချိန်မှာ ငြိမ်းချမ်းရေးအတွက် တာဝန်ရှိသူတွေက တာဝန်အရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံတာဟာ မတရားအသင်းဆက်သွယ်မှုဥပဒေနဲ့ ငြိစွန်းခြင်းမရှိဘဲ ငြိမ်းချမ်းရေးကော်မရှင်၊ပြည်ထဲရေး အစရှိတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းမကြားဘဲ မတရားအသင်းကြေညာထားတဲ့ အဖွဲ့တွေနဲ့ သွားရောက်တွေ့ဆုံရင်တော့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁)နဲ့ ငြိစွန်းမှာဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
Central News Bureau

No comments:

Post a Comment