Latest News

Thursday, June 29, 2017

မြောက်ကိုရီးယား နျူကလီးယားပြဿနာ ဖြေရှင်းရန် သန္နိဋ္ဌာန်ချထားဟု တောင်ကိုရီးယားသမ္မတ ပြော

မြောက်ကိုရီးယား နျူကလီးယားပြဿနာ ဖြေရှင်းရန် သန္နိဋ္ဌာန်ချထားဟု တောင်ကိုရီးယားသမ္မတ ပြော
 
မြောက်ကိုရီးယားရဲ့ နျူကလီးယားပြဿနာကို ဖြေရှင်းဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်က ဇွန်လ ၂၈ ရက်နေ့မှာ အမေရိကန် ကုန်သည်ကြီးများအသင်းနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

အမေရိကန်အနေနဲ့ တောင်ကိုရီးယားမှာ စိုးရိမ်မှု တစုံတရာမရှိဘဲ ရင်းနှီးမြှုပ်နှံနိုင်တယ်၊ နောင်အနာဂတ် တချိန်ကျရင် မြောက်ကိုရီးယားမှာလည်း ရင်းနှီးမြှုပ်နှံပါလို့ ဆိုပါတယ်။

ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက် အိမ်ဖြူတော်မှာပြုလုပ်မယ့် အစည်းအဝေးတွေမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုန်သွယ်ရေး မညီမျှမှုတွေကို ဖြေရှင်းဖို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်ကို တိုက်တွန်းမှာဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိတဦးက ဆိုပါတယ်။

သမ္မတ မွန်းကတော့ အမေရိကန် ကုန်သည်ကြီးများနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်ရေးပမာဏ တိုးတက်ဖို့ကိုပဲ အလေးထား ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment