Latest News

Thursday, June 29, 2017

အသတ်ခံရတော့မည့် ဦးခေါင်း ၂ နှစ်လုံးပါ ဝက်ကလေးကို လယ်သမားတဦး ကယ်တင်

အသတ်ခံရတော့မည့် ဦးခေါင်း ၂ နှစ်လုံးပါ ဝက်ကလေးကို လယ်သမားတဦး ကယ်တင်

သားသတ်ရုံမှာ အသတ်ခံရတော့မယ့် ဦးခေါင်း ၂ လုံးပါ ထူးဆန်းတဲ့ ဝက်ကလေးတကောင်ကို ကြင်နာတတ်တဲ့ လယ်သမားတဦးက မွေးစားဖို့ရည်ရွယ်ချက်နဲ့  ကယ်တင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဦးခေါင်း ၂ လုံးနဲ့ ထူးဆန်းတဲ့ ဝက်ကလေးဟာ တခြား သူ့ရဲ့ မွေးဘက်တွေနဲ့ သီးခြားဖယ်ထားခံခဲ့ရတာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီ ထူးဆန်းတဲ့ဝက်ကလေးဟာ သူ့ဘာသာ လမ်းကောင်းကောင်းလျှောက်နိုင်တာကို တွေ့ရပါတယ်။

ဦးခေါင်း ၂ လုံးနဲ့ ပါးစပ် ၂ ပေါက်ပါရှိတဲ့ ဝက်ကလေးဟာ အစာကောင်းကောင်း စားနိုင်ပြီး ဘယ်ပါးစပ်က စားတယ်ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။

ဒီဝက်ကလေးဟာ မျိုးဗီဇပြောင်းလဲမှုဆိုင်ရာ ရောဂါတခုကြောင့် ခုလို ဦးခေါင်း ၂ လုံးနဲ့ မွေးဖွားလာခဲ့တာဖြစ်ပြီး အရွယ်ရောက်တဲ့ထိ အသက်ဆက်ရှင်နိုင်မယ်၊ မရှင်နိုင်ဘူး ဆိုတာကိုတော့ ဆရာဝန်တွေက မပြောနိုင်ကြပါဘူး။

ဒါပေမယ့် ကြင်နာတတ်တဲ့ လယ်သမားဟာ ဝက်ပေါက်ကလေးကို နောက်တကြိမ် သားသတ်ရုံကို ရောင်းချတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

DVB

No comments:

Post a Comment