Latest News

Thursday, June 8, 2017

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ချီးကျူး ဂုဏ်ပြုထိုက်သူဆုရှင် အသက်အန္တရာယ် လုပ်ကြံခံရမှု ကြုံတွေ့နေ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ချီးကျူး ဂုဏ်ပြုထိုက်သူဆုရှင် အသက်အန္တရာယ် လုပ်ကြံခံရမှု ကြုံတွေ့နေ

ထောက်လှမ်းကူညီပေးခဲ့၍ မိမိ၏ အသက်အန္တရာယ်ကို လုပ်ကြံမှုများနှင့် ကြုံတွေ့နေရသည်ဟု ပန်းတောင်းမြို့နယ် ဥရှစ်ပင်မြို့နေ ကိုရာဇာဟိန်းကပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ချီးမြှင့်သော ကိုရာဇာဟိန်းနှင့် ဇနီးတို့မောင်းနှင်လာသော ဆိုင်ကယ်ကို မေလ ၂၉ ရက် ညနေ ၆ နာရီခန့်က ပန်းတောင်း- တောင်ကုတ်လမ်းမကြီး၊ ကြို့ကုန်းတံတားအနီးတွင် ဟိုင်းလတ်ဆာ့ဖ် (ဒဘယ်ကတ်)အမျိုးအစား ခဲပြာရောင်ကားက နောက်မှ အရှိန်ဖြင့် ၀င်တိုက်ပြီး ထွက်ပြေးသွားသည်။

‘‘ဘုရားမှာ ပုတီးစိပ်ပြီး ပြန် လာရာလမ်းမှာ ဖြစ်တာပါ။ ကား က အတင်းမောင်းပြီး ၀င်တိုက် တာကို ဆိုင်ကယ်နောက်က မိန်းမက မြင်လို့ အော်လိုက်လို့ တော် သေးတာပေါ့။ လမ်းဘေးအမြန်စွဲ ချလိုက်တာ မိန်းမရဲ့ ခြေထောက် တစ်ဖက်ကိုချိတ်မိပြီး ဖူးရောင် ဒဏ်ရာအနည်းငယ်သာရခဲ့ပါ တယ်။ ကားက တောင်ကုတ်မြို့ ဘက်ကို မောင်းထွက်သွားတယ်။ ပြီးခဲ့တဲ့ မတ်လလောက်ကလည်း အခုလို အပြာရောင်ကားပဲ ကျွန်တော့် ဆိုင်ကယ်ကို နောက်ကနေ၀င်ချိတ်ပြီး မောင်းထွက်သွားတယ်။ ဘာမှမထိခိုက်လို့ မတော်တဆပဲ ထင်နေခဲ့တာ။ အခုဟာကတော့ ရည်ရွယ်ပြီးလုပ်ကြံတာမျိုးပါ။ မိသားစုတွေအားလုံး လုံခြုံရေးကို စိုးရိမ်မိတယ်’’ဟု ကိုရာဇာဟိန်းက ပြောသည်။

၂၀၁၆ ဒီဇင်ဘာ ၁ ရက်တွင် ပန်းတောင်းမြို့ နယ်စပ်ဂိတ် ညောင်ဂျိုးစစ်ဆေးရေးဂိတ်၌ ဆီပီပါ ၁၅ လုံးအတွင်း စိတ်ကြွရူးသွပ် ဆေးပြား ၁၄ သန်းခန့်ထည့်၍ သယ်ဆောင်လာသည့် ကားတစ် စီးကို ပြည်ခရိုင်ရဲတပ်ဖွဲ့က ဖမ်း ဆီးရခဲ့ရာ ကိုရာဇာဟိန်းက သတင်းပေးကူညီခဲ့သည်။

ထိုကဲ့သို့ ကူညီဆောင်ရွက် ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ၂၀၁၆ ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ်ရွေးချယ်ချီးမြှင့်ခဲ့ပြီး ပန်းတောင်းမြို့နယ်အသင်း (ရန်ကုန်)နှင့် ဒေသခံမြို့မိမြို့ဖစီးပွားရေး လုပ်ငန်းရှင်များကလည်း ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

‘‘မေလ ၂၉ ရက်ဖြစ်တုန်းက ကိုရာဇာဟိန်းက ချက်ချင်းအ ကြောင်းမကြားခဲ့ဘူး။ နောက်ရက် မှ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တွေ့ရမှ သိရတာပါ။ ချက်ချင်း အကြောင်းကြားခဲ့မယ်ဆိုရင် ဒီ လမ်းကြောင်းက အဲဒီကားကို အချိန်မီတားဆီးနိုင်မှာပါ။ ကားကို မမိတော့ကားမောင်းသူ အိပ်ငိုက် လို့ မတော်တဆလား၊ တကယ် လုပ်ကြံတာလားကို မသိရဘူးဖြစ် နေတယ်။ ကိုရာဇာဟိန်းကို  ရဲတပ်ဖွဲ့ဝင်တွေ၊ နယ်ထိန်းတွေရဲ့ ဖုန်းနံပါတ်တွေပေးထားပြီးသားပါ။ အကြောင်းကိစ္စပေါ်တာနဲ့ ချက် ချင်းကြောင်းကြားပေးဖို့ အကူအ ညီပေးနိုင်ဖို့ ဆောင်ရွက်ထားပါ တယ်’’ဟု ဥရှစ်ပင်နယ်မြေရဲစခန်း မှူး ရဲအုပ်ဝင်းစန်းက ပြောသည်။

 
7Day News

No comments:

Post a Comment