Latest News

Wednesday, June 28, 2017

အက်သလက်တီကိုတောင်ပံကစားသမား ဆာအူလ်ကို ဘာစီလိုနာ စိတ်ဝင်စားနေ

အက်သလက်တီကိုတောင်ပံကစားသမား ဆာအူလ်ကို ဘာစီလိုနာ စိတ်ဝင်စားနေ

ဘာစီလိုနာအသင်းသည် အက်သလက်တီကိုအသင်းတောင်ပံကစားသမား ဆာအူလ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ဆာအူလ်သည် အက်သလက်တီကိုအသင်းနှင့် စာချုပ်ပါလျော်ကြေးပေါင် (၇၁)သန်း ချုပ်ဆိုထားသူဖြစ်ပြီး၎င်းကို ခေါ်ယူလိုသည့်အသင်းများအနေဖြင့် အနည်းဆုံးယင်းပမာဏ ပေးချေရန် လိုအပ်နေသည်။

သို့သော် အက်သလက်တီကိုအသင်းသည် အသက် (၁၈)နှစ်အောက် ကစားသမားများကို ခေါ်ယူရာတွင် အပြောင်းအရွှေ့စည်းမျဉ်းများ ချိုးဖောက်ခဲ့သဖြင့် လာမည့်ဇန်န၀ါရီလအထိ ကစားသမားခေါ်ယူခွင့်
ပိတ်ပင်ခံထားရပြီး အသင်းမှ ကစားသမားများကို ဆက်လက်ထိန်းသိမ်းရမည့်အချက်ကြောင့်ဆာအူလ်ကို အက်သလက်တီကိုအသင်း အလွယ်တကူလက်လွတ်ခံမည်မဟုတ်ကြောင်း သိရသည်။

ယင်းပြစ်ဒဏ်ကို အက်သလက်တီကိုအသင်းသည် နိုင်ငံတကာအားကစားခုံရုံး (CAS) ထံ အယူခံဝင်ခဲ့သော်လည်း ယခုလအစောပိုင်း၌ ပယ်ချခံခဲ့ရသည်။

ထို့ကြောင့် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို မန်ယူအသင်း၏ ကြိုးပမ်းမှုမှာလည်း မအောင်မြင်ခဲ့ဘဲ နောက်ဆုံးတွင် ဂရစ်ဇ်မန်းသည် အသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့သည်။

မန်ယူအသင်းသည် ၂၀၁၃ခုနှစ်၌  ဗယ်လက်ကာနိုအသင်းတွင် ဆာအူလ်ကစားခဲ့စဉ်က နည်းပြဖာဂူဆန်၏ ညီဖြစ်သူ မာတင်သည် ဆာအူလ်၏ ခြေစွမ်းကို သွားရောက်လေ့လာခဲ့ဖူးကြောင်း သိရသည်။

ဆာအူလ်သည် လက်ရှိအချိန်၌ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ရောက်ရှိနေသည့်စပိန်ယူ-၂၁အသင်းတွင် ခြေစွမ်းပြလျက်ရှိကာ ပြီးခဲ့သည့် အီတလီအသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်၌ စပိန်အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။

■ ဆာအူလ် factfile

မွေးသက္ကရာဇ် - ၁၉၉၄ ၊ နိုဝင်ဘာ ၂၁
ကစားခဲ့သည့်အသင်းများ - အက်သလက်တီကို (B)၊ ဗယ်လက်ကာနို (အငှား)ကစားခဲ့သည့်ပွဲပေါင်း - ၂၅၆ ပွဲ

Photos: Reuters
Eleven Sports

No comments:

Post a Comment