Latest News

Wednesday, June 28, 2017

ဖီဖာကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ဖီဖာကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ပေါ်တူဂီ - ချီလီ (၂၉-၆-၂၀၁၇ နံနက် ၀၀း၃၀)

စီရော်နယ်လ်ဒိုရဲ့ ဦးဆောင်မှုအောက်မှာ ပေါ်တူဂီအသင်းက အကောင်းဆုံးပုံစံပြနေတာတွေ့ရတယ်။ တစ်ဦးချင်းကောင်း တဲ့ကစားသမားတွေနဲ့ စုဖွဲ့ထားသလို၊ အသင်းလိုက်ခြေစွမ်းလည်း ငြိမ်တယ်။ အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်ရသင့်ပေမယ့် မက္က ဆီကိုçကို သရေကျခဲ့တာကလွဲရင် လက်ကျန်နှစ်ပွဲမှာ ပုံစံကောင်းကို ပြသနိုင်ခဲ့တယ်။ တိုက်စစ်မှာ စီရော်နယ်လ်ဒိုကို အန်ဒရေ ဆေးလ်ဗား၊ နာနီတို့နဲ့ တစ်လှည့်စီတွဲဖက်အသုံးပြုနေတာတွေ့ရပြီး ကွင်းလယ်မှာလည်း အန်ဒရေဂိုးမက်စ်၊ ဘာနာဒိုဆေးလ် ဗား စတဲ့လူငယ်ကစားသမားတွေရဲ့ခြေစွမ်းတွေက ချီးကျူးစရာပါ။ (၃)ပွဲစလုံးကိုလည်း ခြေစွမ်းပိုင်းအသာစီးက ကစားနိုင်ခဲ့ပြီး အုပ်စုဗိုလ်နေရာကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့တာကိုတွေ့ရတယ်။ ရုရှား၊ နယူးဇီလန်တို့နဲ့ ပွဲတွေမှာ Clean Sheets တွေ လည်း ရယူနိုင်ခဲ့တယ်။ ချီလီကတော့ အားနည်းမှုတွေရှိနေတာကိုတွေ့ရတယ်။ အုပ်စုအဖွင့်ပွဲမှာ ကင်မရွန်းကို ခြေစွမ်းပြ အနိုင်ရခဲ့ပေမယ့် ဂျာမနီကို ခက်ခက်ခဲခဲသရေကစားခဲ့ရသလို၊ သြစတြေးလျနဲ့ပွဲမှာလည်း အားရစရာပုံစံကို မတွေ့ရဘူး။ အသင်းမှာ အရန်ဂီ၊ ဗီဒယ်လ်၊ ဆန်းချက်ဇ်၊ ဗားဂတ်စ်တို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားပြီး အသင်းလိုက်လည်း မာကျော နေဆဲဆိုပေမယ့် ကစားဟန်ကတော့ အရင်ကထက်စာရင် နည်းနည်းကျသွားတာကိုတွေ့ရတယ်။ ဒီပွဲမှာလည်း ပေါ်တူဂီကို သူတို့ အကောင်းဆုံးရင်ဆိုင်ဖို့ ပြင်ဆင်လာမှာဖြစ်ပေမယ့် ရုန်းကန်ရဖို့များပါတယ်။ ဥရောပမြေမှာလည်းဖြစ်လို့ ပေါ်တူဂီပဲ ဗိုလ်လုပွဲတက်ဖို့ များနေတယ်။

ပွဲကြိုအချက်အလက်များ

■ပေါ်တူဂီအသင်းနှင့် ချီလီအသင်းတို့သည် (၂၁) ရာစုအတွင်း
ပြိုင်ပွဲကြီးများတွင် ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။
■ပေါ်တူဂီအသင်းသည် နောက်ဆုံး (၁၃)ပွဲတွင် (၁၁)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၃)ဂိုးနှင့် အထက်တွင်ရှိခဲ့သည်။
■ချီလီအသင်းသည် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတစ်လျှောက် ပထမဆုံးယှဉ်ပြိုင်သည့်နှစ်မှာပင် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
■ပေါ်တူဂီအသင်းသည် နောက်ဆုံးကစားခဲ့သည့် (၁၀)ပွဲတွင် (၈)ပွဲအထိ Clean Sheet ရရှိခဲ့သည်။

ပုံစာ-လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ပေါ်တူဂီနှင့် ချီလီအသင်းသားများ
Photo:AFP
Eleven Sports

No comments:

Post a Comment