Latest News

Wednesday, June 28, 2017

ကျောင်းပြီးမှာကို ကြောက်နေရတဲ့ အကြောင်းအရင်း

ကျောင်းပြီးမှာကို ကြောက်နေရတဲ့ အကြောင်းအရင်း

ဒီငါးချက်ကြောင့် သင်ထိတ်လန့်နေမိတာ ဖြစ်တတ်ပါတယ်။
ဘွဲ့ယူရမယ့်အတွက် ပျော်ရွှင်စိတ်လှုပ်ရှားမိပေမယ့် ဘွဲ့ယူပြီး လျှောက်လမ်းရမယ့် အနာဂတ်ကို တွေးပူနေတာမျိုး ဖြစ်တတ်ပါတယ်။ အလုပ်အကိုင်အဆင်ပြေပါ့မလား၊ ကိုယ်ဖြစ်ချင်တာကို လုပ်ခွင့်ရပါ့မလား စတဲ့မေးခွန်းတွေဟာ ခေါင်းထဲမှာ ပြည့်နေတတ်ပါတယ်။ များသောအားဖြင့် ဒီငါးချက်ကြောင့် သင်ထိတ်လန့်နေမိတာ ဖြစ်တတ်ပါတယ်။
၁ – အပြောင်းအလဲ
အပြောင်းအလဲကြီးကြီးမားမားကို ရင်ဆိုင်ရမှာကြောင့်ပါ။ နေ့စဉ်တွေ့ရမယ့်လူတွေ၊ ကြုံရမယ့်လူတွေဟာ ပြောင်းလဲသွားမှာပါ။ ကျောင်းသားတုန်းကလို သက်သောင့်သက်သာ နေလို့လည်း မရပါဘူး။ အမူအကျင့်တွေနဲ့ အရာအားလုံးကို ပြောင်းလဲရမလိုဖြစ်နေတာကြောင့်ပါ။
၂ – လက်တွေ့ဘဝ
ကျောင်းပြီးသွားတဲအခါ ခက်ခဲတဲ့လက်တွေ့ဘဝကို တကယ်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ လူစိမ်းများစွာကို တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ့ အပူပင်ကင်းကင်း ဖြတ်သန်းရမယ့်နေ့တွေကို နှုတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။ အပြင်လက်တွေ့ဘဝကြီးကို ရင်ဆိုင်မှာဟာ တွေးကြည့်လိုက်တိုင်း အနည်းငယ်လန့်မိသလိုပါပဲ။
၃ – မဆုံးဖြတ်ရသေးတာ
ကျောင်းပြီးရင် ဘာဆက်လုပ်မယ်ဆိုတာကို မဆုံးဖြတ်ရသေးတာကြောင့်ဖြစ်ပါတယ်။ ကိုယ်ဦးစားပေးရမယ့်အလုပ်၊ အမှန်တကယ်လုပ်ချင်တဲ့အလုပ် စသဖြင့် ဘာမှကို သေချာရေရာခြင်းမရှိသေးတော့ တွေးပြီး လန့်တာပါ။ ဘာလုပ်ရင်ကောင်းမလဲလို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်လိုက်တိုင်း စိတ်ဓာတ်ကျရတဲ့ အခိုက်အတန့်တွေလည်းရှိပါတယ်။
၎ – လမ်းခွဲရမှာ
နှစ်ပေါင်းများစွာတက်လာတဲ့ ဒီကျောင်းကြီးနဲ့ ခွဲရမှာ ကြောက်တာပါ။ ဒီသူငယ်ချင်းတွေ၊ ဒီလူတွေကို ခွဲရမှာ ကြောက်တာပါ။ ခွဲရမယ်ဆိုတာကို အစောကြီးကတည်းက သိပေမယ့် တကယ်ရင်ဆိုင်ရမယ့် အဖြစ်ကိုတွေးပြီး လန့်နေပါတယ်။ နှစ်ပေါင်းများစွာ အတူတကွဖြတ်သန်းလာတာဆိုတော့ ဒီလူတွေ၊ ဒီနေရာတွေက သင့်အတွက် အရေးပါပါတယ်။
၅ – တခြားလူတွေလည်း လန့်
ကျောင်းပြီးရင် ကြုံလာမယ့် အနာဂတ်ကို တခြားလူတွေလည်း ထိတ်လန့်နေတာကို တွေ့ရပါမယ်။ သူတို့နဲ့ စကားပြောတိုင်း သင့်လိုတွေးပူစရာတွေ ရှိနေတာကို တွေ့ရပါမယ်။ ဒီပူပန်မှုတွေကလည်း သင့်ကို ကူးစက်စေပြီး ဘွဲ့ရပြီး ကြုံရမယ့်အခြေအနေကို တွေးပူနေတတ်ပါတယ်။

Duwun

No comments:

Post a Comment