Latest News

Thursday, June 29, 2017

မိုင် ၁၀၀၀ လမ်းလျှောက်သူ ကညွတ်ကွင်းမြို့ကို ရောက်ရှိ

မိုင် ၁၀၀၀ လမ်းလျှောက်သူ ကညွတ်ကွင်းမြို့ကို ရောက်ရှိ
 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ ရန်ကုန်မြို့ကို အသွားအပြန် မိုင်ပေါင်း ၁၀၀၀ ကို SEA GAME အောင်နိုင်ရေး၊ မြန်မာနိုင်ငံ စိမ်းလန်းစိုပြည်ရေး၊ လူငယ်လူရွယ် မူးယစ်ကင်းစင်ရေး ဆိုတဲ့ ရည်ရွယ်ချက် ၃ ခုနဲ့ တကိုယ်တော်လမ်းလျှောက်သူမှာ ကညွှတ်ကွင်းမြို့ကို ဇွန် ၂၉ နေ့လယ် ၁၂ နာရီကျော်လောက်က ရောက်ရှိလာပါတယ်။

အဆိုပါ လမ်းလျှောက်သူဟာ ပြင်ဦးလွင်မြို့မှ ဇွန် ၁၂ ရက်နေ့က စတင်ထွက်ခွာခဲ့တာဖြစ်ပြီး ဖြူးမြို့ကို ဇွန် ၂၈ ရက်နေ့မှာ ရောက်ရှိလာတာပါ။

ဖြူးမြို့မှာ ညအိပ်ရပ်နားပြီး ဇွန် ၂၉ ရက် မနက် ၈ နာရီလောက်မှာ ဖြူးမြို့က စတင်ထွက်ခွာလာတာလို့ သိရပါတယ်။

“နံပါတစ် ရည်ရွယ်ချက်ကတော့ SEA GAME အောင်နိုင်ရေး၊ နံပါတ် နှစ်က မြန်မာနိုင်ငံ စိမ်းလန်းစိုပြည်ရေး၊ နံပါတ်သုံးက လူငယ်လူရွယ် မူးယစ်ကင်းစင်ရေး ဆိုတဲ့ ရည်ရွယ်ချက် ၃ ခုနဲ့ လျှောက်တာပါ။ ပြင်ဦးလွင်ကနေ မန္တလေးအထိ လျှောက်တဲ့နေရာမှာ ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရတာပဲ ရှိပါတယ်။ အကုန်အဆင်ပြေပါတယ်”လို့ ဦးကျော်ကျော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ဦးကျော်ကျော်ဝင်းဟာ ကျန်းမာရေးကောင်းမွန်ပြီး တနေ့ ၁၅ မိုင်နှုန်းနဲ့ လမ်းလျှောက်နေတာပါ။ ဒီနေ့ တောကျွဲအင်းမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး ရန်ကုန်မြို့ကို ဇူလိုင် ၈ ရက်နေ့မှာ ရောက်ရှိဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

သတင်း – ကျော်အောင် (ကညွတ်ကွင်း)
DVB

No comments:

Post a Comment