Latest News

Thursday, June 29, 2017

နောက်ဖေး လမ်းကြားတွေကို ကလေး ကစားကွင်းဖြစ်တဲ့အထိ လုပ်ဆောင် သွားမယ်လို့ ဦးမင်းကိုနိုင်​ဆို

နောက်ဖေး လမ်းကြားတွေကို ကလေး ကစားကွင်းဖြစ်တဲ့အထိ လုပ်ဆောင် သွားမယ်လို့ ဦးမင်းကိုနိုင်​ဆို

(ရန်ကုန် ၊ ဇွန် ၂၉)

 နောက်ဖေး လမ်းကြားတွေမှာ ကလေးကစားကွင်း တွေအထိဖြစ်လာအောင် လုပ်ဆောင်သွားမယ်လို့ ၈၈ ငြိမ်း/ပွင့်မှ ဦးမင်းကိုနိုင်က ပြောပါတယ်။ ဒီကနေ့  ပန်းပဲတန်းမြို့နယ် (၃၂) လမ်း လမ်းကြားမှာ လာရောက် ပန်းချီဆွဲပေးရင်း အထက်ပါ အတိုင်း ပြောကြား ခဲ့ပါတယ်။

“စာအုပ်စင်လေးတွေ ရှိအောင် လုပ်မယ် ။ပြောရင်တော့ စာကြည့်တိုက် သေးသေးလေးတွေ လုပ်မယ် ။မြတ်ခင်း အတုလေးတွေ လုပ်မယ်။ ရသလောက် ကြိုးစားကြည့်မယ်။ နောက်ပိုင်းမှာ ကလေး ကစားကွင်းဖြစ်တဲ့ အထိကို လုပ်ဆောင် သွားမှာဖြစ်တယ်”လို့  ဦးမင်းကိုနိုင်က ပြောပါတယ်။

အဆိုပါ လမ်းကြားကို လာရောက်ရေးခြင်း မှာ ဒုတိယအကြိမ် လာရောက်ရေးဆွဲပေးခြင်း ဖြစ်ပါတယ်။ ဇွန်လ ၂၄ ရက်နေ့ကလည်း ဦးမင်းကိုနိုင် ဟာ နောက်ဖေးလမ်းကြားမှာ ကလေးငယ်တွေအ တွက် လာရောက် ပန်းချီဆွဲပေးခဲ့ပါသေးတယ်။ ဒို့အိမ် ပရော့ဂျက်ဟာ နောက်ဖေး လမ်းကြားတွေကို ကလေးငယ်များ အနားယူဆော့ကစားချင်စရာ ဥယျာဉ်တစ်ခုဖြစ်အောင် နံရံဆေးရေး ပန်းချီများ၊ ဂရက်ဖတီရေးဆွဲမှု များ၊ပန်းပင်များနဲ့ အလှဆင်တာဖြစ်ပါတယ်။

ဝေရှိုင်းကျော်

ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Popular News

No comments:

Post a Comment