Latest News

Thursday, June 29, 2017

ရိုက်ကွင်းပေါ်ကနေ ပရိသတ်နဲ့ စကားဝိုင်းဖွဲ့ခဲ့တဲ့ အနုပညာရှင်များ

ရိုက်ကွင်းပေါ်ကနေ ပရိသတ်နဲ့ စကားဝိုင်းဖွဲ့ခဲ့တဲ့ အနုပညာရှင်များ

Live လွှင့်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် လူမင်း၊ ခန့်စည်သူ၊ ခင်လှိုင်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်တို့က ဖေ့စ်ဘွတ်ကနေ Live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားဝိုင်းဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ တကယ့်ကို ပျော်စရာကောင်းတဲ့ Live လေး ဖြစ်ပါတယ်။

အဲ့ဒီသရုပ်ဆောင်ထဲမှာတော့ လူမင်းနဲ့ ခန့်စည်သူတို့က ပရိသတ်တွေနဲ့ Live ပြောတာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ သူတို့တွေ အားလုံးကတော့ ပုပ္ပါးမှာ ကြီးလေးကြီး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေကြတာလည်း ဖြစ်ပါတယ်။


Live ထဲမှာတော့ သရုပ်ဆောင်တွေက ပရိသတ်တွေရဲ့ နာမည်တွေခေါ်ပေးပြီးတော့ ပရိသတ်တွေနဲ့ အပြန်ပြန်အလှန်လှန် စကားတွေ ပြောခဲ့တာ ပါ။ကြီးလေးကြီးရုပ်ရှင်ဇာတ်ကားကြီးကို အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာပြည်ဟိန်းသီဟက ရိုက်ကူး ပုံဖော်နေတာဖြစ်ပါတယ်။ပရိသတ်တွေချစ်ကြတဲ့ မင်းသား၊မင်းသမီး၊ ဇာတ်ပို့ဇာတ်ရံ တွေစုံလင်လှ တဲ့ ရုပ်ရှင် ဇာတ်ကားကြီး ကတော့ ကျေးလက်ဟာသဇာတ်ကားလေးဖြစ်တယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။


ဒါရိုက်တာပြည်ဟိန်းသီဟ အနေနဲ့ ကျေးရွာဟာသ ဇာတ်ကားတွေကို တစ်ကားနဲ့ တစ်ကား မရိုးအောင် အမြင်မထပ်အောင် ဟာသ နှောပြီးရိုက်ကူးတက်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။
မကြာခင်ကအပွင့် ရုပ်ရှင်ဇာတ်ကားကြီးတို့ကို ပြင်ဦးလွင်မြို့မှာ ရိုက်ကူး ထားတာဖြစ်ပြီး ကြီးလေးကြီး ရုပ်ရှင်ဇာတ်ကား ကိုတော့ ပုပ္ပါးမြို့မှာရှိတဲ့ ညောင်ကန်ရွာမှာ ဇွန်လ ၂၅ ရက်နေ့က စတင်ရိုက်ကူး နေတယ်လို့ဆိုပါတယ်။
Photo : အိန္ဒြာကျော်ဇင် ဖေ့စ်ဘွတ်
Duwun

No comments:

Post a Comment