Latest News

Tuesday, June 27, 2017

ဒေါ်နယ်ထရမ့်ကို ဟစ်တလာ၊ အမေရိကဦးစားပေးမူဝါဒကို နာဇီဝါဒတို့နဲ့ မြောက်ကိုရီးယား ခိုင်းနှိုင်း

ဒေါ်နယ်ထရမ့်ကို ဟစ်တလာ၊ အမေရိကဦးစားပေးမူဝါဒကို နာဇီဝါဒတို့နဲ့ မြောက်ကိုရီးယား ခိုင်းနှိုင်း

ဇွန်၂၇ – မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဟာ ဒေါ်နယ်ထရမ့်ကို အဒေါ့ဖ်ဟစ်တလာနဲ့ခိုင်းနှိုင်းလိုက်ပြီး အမေရိကသာပထမဆိုတဲ့ မူဝါဒကိုလည်း နာဇီဝါဒနဲ့ နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ်နဲ့ပတ်သက်ပြီး ထရမ့်ရဲ့နှစ်နိုင်ငံမဟာဗျူဟာ ဟာ လူတွေကိုခွဲခြားပြီး တရားမျှတမှုကို ဖိနှိပ်တဲ့ ဟစ်တလာရဲ့အာဏာရှင်ဆန်တဲ့မူဝါဒတွေကိုအခြေခံထားတာဖြစ်ပြီး အမေရိကရဲ့နိုင်ငံရေး၊ လူမှုရေး၊ မီဒီယာနဲ့ သတင်းပြန်ကြားရေး အသိုင်းအဝိုင်းထဲမှာ ကြောက်ရွံ့မှုတွေကိုဖန်တီးထားတဲ့မူဝါဒလို့ KCNA က အင်္ဂါနေ့က ထုတ်ပြန်တဲ့ အယ်ဒီတာ့အာဘော်မှာရေးသားထားပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး မစ္စတာထရမ့်ရဲ့မူဝါဒတွေဟာလည်း ဖက်ဆက်စနစ်ရဲ့ လူမျိုးရေး ခွဲခြားတဲ့မူဝါဒတွေနဲ့ ကွာခြားမှုမရှိဘူးလို့ ဆိုပြီး အမေရိကန်ရဲ့သမိုင်းကိုလည်း ရှုတ်ချဝေဖန်ထားပါတယ်။
သည်အယ်ဒီတာအာဘော်ထဲမှာပဲ အမေရိကဦးစားပေး မူဝါဒစတင်ပြီးတည်းက ကမ္ဘာကြီးမှာ ငြိမ်းချမ်းတဲ့ နေ့ရက်တစ်ရက်မှ မရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။

အမေရိကန်ခေါင်းဆောင်တွေရဲ့ဖောက်ပြန်ရေးဝါဒသဘောတရားတွေဟာ ကျူးကျော်မှုတွေကိုအားပေးတိုက်တွန်းနေပြီး အမေရိကန်ပြည်ထောင်စုရဲ့အကျိုးစီးပွားအလို့ငှာ အခြားတိုင်းပြည်တွေရဲ့ အချုပ်အခြာအာဏာ၊ အသက်မွေးဝမ်းကျောင်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုနင်းခြေဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သည်ထဲမှာ အရှေ့အလယ်ပိုင်းကို ရက်ရက်စက်စက်ဖျက်ဆီး၊ သတ်ဖြတ်မှုသံသရာထဲက မထွက်အောင် မတည်ငြိမ်အောင်ဖြစ်စေခဲ့တဲ့အပြင် ပဲရစ်ရာသီဥတုဆိုင်ရာသဘောတူညီချက်ကနေနှုတ်ထွက်ပြီး ကမ္ဘာ့ပတ်ဝန်း ကျင်ကို ဆုတ်ယုတ်စေခဲ့တဲ့ အမေရိကန်အစိုးရကို ဝေဖန်ပြောကြားထားပါတယ်။အမေရိကန်ရဲ့ကြီးစိုးချုပ်ကိုင်မှုကို နိုင်ငံတွေအားလုံးစုစည်းညီညွတ်စွာတိုက်ခိုက်ကြဖို့ တိုက်တွန်းပြီးတော့ သည်ဆောင်းပါးကို နိဂုံးချုပ်ထားပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ သည်တစ်ပတ်အကုန်မှာ ၀ါရှင်တန်ကို ချစ်ကြည်ရေးခရီးသွားရောက်မယ့် တောင်ကိုရီးယားသမ္မတအသစ် မွန်းဂျေအင်းနဲ့ အမေရိကန်ပြည်ထောင်စုကို ဆန့်ကျင်တဲ့ပြောဆိုမှုတွေကို အရှိန်မြှင့် ပြုလုပ်နေပါတယ်။

မြောက်ကိုရီးယားရဲ့ရိုဒေါင်ဆင်မွန်းသတင်းစာကလည်း လတ်တလောရေးသားထားတဲ့ အယ်ဒီတာ့ အာဘော်ထဲမှာ မစ္စတာထရမ့်ကို စိတ်မနှံ့သူတစ်ဦးအဖြစ်ခေါ်ဆိုထားပြီး တကယ်လို့ အမေရိကန် ပြည်ထောင်စုဟာ မြောက်ကိုရီးယားကို ကြိုတင်လက်ဦးမှုယူပြီး တိုက်ခိုက်မှုတွေပြုလုပ်မယ်ဆိုရင် အမေရိကန်မှာ ဘေးဆိုးကြီးတစ်ခုဆိုက်သွားစေရမယ်လို့ ရေးသားထားပါတယ်။
ချိုလေးငယ်/Kumudra

No comments:

Post a Comment