Latest News

Wednesday, June 28, 2017

ရွှေထည်၊ ရတနာ ရောင်းချမှု ကုန်သွယ်ခွန် တစ်ရာခိုင်နှုန်း စတင်ကောက်ခံလျက်ရှိ

ရွှေထည်၊ ရတနာ ရောင်းချမှု ကုန်သွယ်ခွန် တစ်ရာခိုင်နှုန်း စတင်ကောက်ခံလျက်ရှိ

နေပြည်တော်    ဇွန်   ၂၈

ရွှေထည်လက်ဝတ်ရတနာရောင်းချခြင်းမှ ကုန်သွယ်ခွန် တစ်ရာခိုင်နှုန်းကောက်ခံနေမှုကို  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခွန်ဆောင်နိုင်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံသည် ကုန်သွယ်လုပ်ငန်းခွန်နှင့်စပ်လျဉ်း၍ ငါးရာခိုင်နှုန်းသာ ကောက်ခံခြင်းကြောင့် အာဆီယံ နိုင်ငံများတွင် ကုန်သွယ်လုပ်ငန်းခွန်နှုန်းထား အနိမ့်ဆုံးဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းက ပြောကြားသည်။

''ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားအနေနဲ့ကတော့  အာဆီယံနိုင်ငံတွေထဲမှာ  ငါးရာခိုင်နှုန်း ကောက်တာဖြစ်တဲ့အတွက်ကြောင့် အနည်းဆုံးလို့တော့ ပြောလို့ရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်   ခုနစ်ရာခိုင်နှုန်း၊ မလေးရှားမှာ ခြောက်ရာခိုင်နှုန်း၊ စင်ကာပူမှာတော့ ခုနစ်ရာခိုင်နှုန်း ကောက်တာ ရှိပါတယ်။ အခြားနိုင်ငံတွေနဲ့စာရင် ကျွန်တော်တို့နိုင်ငံထက် များတာပဲရှိပါတယ်။ ကျွန်တော်တို့အောက် နည်းတာတော့မရှိပါဘူး။ အဲဒီအထဲမှာ ရွှေထည်လက်ဝတ်ရတနာကတော့ ၂ဝ၁၇ ပြည်ထောင်စုအခွန်အကောက်                            စာမျက်နှာ ၁ဝ ကော်လံ ၁ သို့ ဘ

ရွှေထည်ရောင်းချခြင်းမှ

ဥပဒေအရ သက်သာခွင့် တစ်ရာခိုင်နှုန်းပေးထားတာ ဆိုတော့   နှုန်းထားအနိမ့်ဆုံးထဲမှာ   ပါပါတယ်''ဟု ပြောကြားသည်။  ကုန်သွယ်လုပ်ငန်းခွန်နှင့်ပတ်သက်၍   ရွှေထည်၊ လက်ဝတ်ရတနာရောင်းချခြင်းမှ    ရောင်းရငွေ ပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် တစ်ရာခိုင်နှုန်းကျသင့်သည် ဆိုသည်မှာ  ၂ဝ၁၇ ခုနှစ်    ပြည်ထောင်စုအခွန် အကောက်ဥပဒေပုဒ်မ-၁၄(ဇ)အရ ဖြစ်ကြောင်း၊ ဧပြီ ၁ ရက်မှစတင်ကာ   တစ်ရာခိုင်နှုန်းကောက်ခံကြောင်း၊  အခွန်ပြေစာအမှတ်တံဆိပ်  လက်ခံရရှိသည့်အပေါ်တွင် မူတည်ပြီး  ဈေးကွက်ကြီးသည့်  ရန်ကုန်ကို အရင်ဆုံး ဖြန့်ကြောင်း၊ ယင်းနောက် မန္တလေးကိုဖြန့်ကာ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခွန်ဆောင်နိုင်ရန် အတွက် စတင်ဆောင်ရွက်နေပီဖြစ်ကြောင်း သိရသည်။]

''ရွှေနဲ့ပတ်သက်တဲ့ပြေစာအမှတ်တံဆိပ်က ပထမဆုံး ရန်ကုန်၊ ပြီးတော့မန္တလေး၊ လက်ရှိမှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအားလုံးကို ဖြန့်နေပါတယ်။  ပြေစာ အမှတ်တံဆိပ်မရှိလို့ အခွန်မကောက်ဘူးဆိုတာကတော့ မဖြစ်ထိုက်ဘူး။ ကုန်သွယ်လုပ်ငန်းခွန်ကတော့ ရေဘုယျ အားဖြင့် အားလုံးငါးရာခိုင်နှုန်းကောက်ပါတယ်။ ကျောက်မျက် ရတနာလည်း ကုန်စည်တစ်မျိုးပဲဖြစ်တဲ့အတွက်ကြောင့် ငါးရာခိုင်နှုန်းပဲ ကျသင့်တယ်။ ရွှေထည်၊ လက်ဝတ်ရတနာ ကိုတော့ သက်သာခွင့်ပေးလိုက်တာပါ'' ဟု ဦးသန်းဇော်ဝင်းက ဆိုသည်။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် ပျက်ကွက်မှုတစ်ခုစီ အတွက်   ၁ဝ  ရာခိုင်နှုန်းနှင့်ညီမျှသော   ဒဏ်ငွေကို ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားခြင်းကြောင့် လုပ်ငန်းကို ဘဏ္ဍာနှစ်မစမီကတည်းက  မှတ်ပုံတင်ရကြောင်း၊ မှတ်ပုံ မတင်လျှင် ပျက်ကွက်ဖြစ်ကြောင်း၊ လုပ်ငန်းစတင်မည်ဆိုပါ က လုပ်ငန်းစတင်ကြောင်း အကြောင်းကြားစာကို ပေးပို့ရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရန်နှင့် လုပ်ငန်းစတင်ရန် ပျက်ကွက်ပါက စည်းကြပ်မှု၏ ကျသင့်ငွေ ၁ဝ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

(နိုင်လင်းကြည်)
The Mirror Daily

No comments:

Post a Comment