Latest News

Wednesday, June 28, 2017

ခုတင် (၅ဝဝ) ဆံ့ ဆေးရုံ ခွဲစိတ်ဆောင်၌ မီးလောင်မှုဖြစ်ပွား

ခုတင် (၅ဝဝ) ဆံ့ ဆေးရုံ ခွဲစိတ်ဆောင်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်   ဇွန် ၂၈

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ခုတင် (၅ဝဝ) ဆံ့ ဆေးရုံရှိ ခွဲစိတ်ဆောင်၌ ယနေ့နံနက်ပိုင်းက  မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင်  လမ်းမတော်မြို့နယ် (၉)ရပ်ကွက် ပြည်လမ်းနှင့်မင်းရဲ ကျော်စွာလမ်းထောင့်ရှိRC-လေးထပ် ခုတင် (၅ဝဝ) ဆံ့ ဆေးရုံ ခွဲစိတ်ဆောင် ပထမထပ်ရှိ (20×40)ပေ အဝတ်လျှော် စက်နှင့် အဝတ်အခြောက်ခံစက်များထားရှိသည့်အခန်းမှ အဝတ်အခြောက်ခံစက်အသုံးပြုနေစဉ် မော်တာဂျန့်ဖြစ် ပြီး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။  မီးလောင်မှုဖြစ်ပွားရာသို့   ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုး ဦးဆောင်ပြီး ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် လေးစီးအပါအဝင် အခြားမြို့နယ်များမှ မီးငြှိမ်းသတ်ယာဉ် ခုနစ်စီး၊ ကွပ်ကဲမှုယာဉ် နှစ်စီးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဆေးရုံဝန်ထမ်းများကDCP (2kg)  မီးသတ်ဆေးဘူး လေးဘူးဖြင့် ကနဦးမီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၇ နာရီခွဲတွင်      မီးငြိမ်းသွားကြောင်း   သိရ သည်။

မီးလောင်မှုကြောင့် အထွေထွေလုပ်သား ကိုမျိုးဇော် ဦး (၂၈)နှစ်အား လမ်းမတော်မြို့မရဲစခန်းက အရေးယူ ထားကြောင်း သိရသည်။    

သတင်း-စိုးဝင်း(MLA)                                      
ဓာတ်ပုံ-အောင်ပြည့်
The Mirror Daily

No comments:

Post a Comment