Latest News

Monday, June 26, 2017

ဆန်နဲ့ ပြောင်း တရားဝင်တင်ပို့ခွင့် တရုတ်အစိုးရကို တောင်းဆိုထား

ဆန်နဲ့ ပြောင်း တရားဝင်တင်ပို့ခွင့် တရုတ်အစိုးရကို တောင်းဆိုထား

နေပြည်တော်၊ ဇွန် ၂၄ – ပြည်တွင်းရှိဆန်နဲ့ပြောင်းသီးနှံကို နယ်စပ်ကနေတစ်ဆင့်  တရုတ်နိုင်ငံသို့ လွတ်လပ်စွာတရားဝင်တင်ပို့ ခွင့်(quoat free)ရဖို့  တရုတ်အစိုးရဘက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

Quota free ရဖို့ပေါ့၊ အခုကတင်ပို့ နေပေမဲ့ တရားဝင်မဟုတ်ဘူး တရားဝင်တင်ပို့ခွင့်က တန်ချိန်သောင်းကျော်လောက်ပဲရှိတာကိုး ဒါပေမဲ့လဲ သူတို့လိုအပ်ချက်အရတော့ ဝယ်နေတာပေါ့လို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆန်နဲ့ ပြောင်းကို ပင်လယ်ရေကြောင်းကနေ တရုတ်ဘက်ကို တန်ချိန် ၂၀ဝ,ဝ၀ဝ တင်ပို့နိုင်ဖို့အဆိုပြုထားတဲ့ အပြင်လက်ရှိမှာလည်း နယ်စပ်ကနေတရားဝင်လွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုဖို့aတာင်းဆို ထားတာပါ။ ပင်လယ်ရေaကြာင်းကနေ တင်ပို့နိုင်ဖို့တော့ တန်ချိန် သတ်မှတ်ပြီး တောင်းဆိုခဲ့ပေမဲ့ အခုလိုလွတ်လပ်စွာ တရားဝင် ကုန်သွယ်ခွင့် (quota free)မှာတော့  တန်ချိန်ကန့်သတ်ထားခြင်း မရှိပါဘူး။
သူကတော့ တန်ချိန်မပါတော့ဘူး၊ နယ်စပ်ကနေပို့သမျှ အကုန်တရား ဝင်ဖြစ်ဖို့ပေါ့၊ လက်ရှိတော့ ဟိုဘက်ကဘာမှအကြောင်းမပြန်သေးဘူး ၊ သူတို့ရဲ့ ပေါ်လစီနဲ့လဲဆိုင်တယ်၊ ဦးတို့ဘက်ကတော့ကိုယ့် ကုန်သည်တွေလုပ်နိုင် အောင် ကိုယ်ဘက်က ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ရမယ့်ဟာတွေကို ဆောင်ရွက်ပေးတယ်လို့  ဦးခင်မောင်လွင်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ တရုတ်ဘက်ကို ဆန်နဲ့ပြောင်းတွေ တင်ပို့ရာမှာ သည်ဘက်က တရားဝင်တင်ပို့တာဖြစ်ပေမဲ့ တရုတ် ဘက်မှာတော့ သူတို့နိုင်ငံရဲ့ ပေါ်လစီအရစစ်ဆေးမှုတွေဖမ်းဆီး မှုတွေရှိနေဆဲဖြစ်ပါတယ်။ လက်ရှိဆန်နဲ့ ပြောင်းကို တရားဝင် လွတ်လပ်စွာတင်ပို့နိုင်မှုတောင်းဆိုထားတဲ့  အပေါ်မှာလည်းလွတ် လပ်စွာကုန်သွယ်ခွင့်ပြုဖို့အထိ တောင်းဆိုထားတဲ့အတွက်  သူတို့ နိုင်ငံအနေနဲ့လည်း အသေးစိတ်ညှိနှိုင်းရဦးမှာဖြစ်တယ်လို့   သိရပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ နှစ်ကစပြီး ပို့ကုန်ကဏ္ဍတိုးတက်ဖို့နဲ့ လယ်ယာထွက် သီးနှံတွေကို ပြည်ပနိုင်ငံတွေဆီပိုမိုတင်ပို့ နိုင်ဖို့ဈေးကွက်သစ်တွေရှာဖွေထားရာမှာ အခုဆိုရင် ဆန်၊ ဆန်ကွဲတင်ပို့မှုဟာ ဇွန်လ ၁၆ ရက်နေ့အထိပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူ နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၄၀ဝ,ဝ၀ဝ နီးပါးပိုမိုတင် ပို့ နိုင်ခဲ့ပါတယ်။

ပြောင်းဆိုရင်လည်းပြီးခဲ့တဲ့  ဘဏ္ဍာနှစ်ကစပြီး နယ်စပ်တင်ပို့မှုသာ မကဘဲပင်လယ်ရေကြောင်းကနေတစ်ဆင့် မလေးရှားနဲ့ ဗီယက်နမ် ဘက်ကိုပါ တင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ပြောင်းတင်ပို့မှုဟာ ပြီးခဲ့တဲ့ကာလတူနဲ့ နှိုင်းယှဉ်ရင်တန်ချိန် ၂၀ဝ,ဝ၀ဝ နီးပါးပိုမိုတင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။
မာရီခိုင်/Kumudra



No comments:

Post a Comment