Latest News

Monday, June 26, 2017

ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ကမ္ဘာ့အရပ်ပုဆုံး ဇနီးမောင်နှံ

ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ကမ္ဘာ့အရပ်ပုဆုံး ဇနီးမောင်နှံ

အရပ်အမောင်းက လူရာမဝင်ပဲ နေရင်နေလိမ့်မယ်။ အချစ်တွေကတော့ ကမ္ဘာကျော် မိုးမျှော်တိုက်တွေထက်ကို မြင့်မားနေမယ်ဆိုတာကို သက်သေပြခဲ့သူနှစ်ဦးကတော့ အခုဆိုရင် ကမ္ဘာ့အရပ်ပုဆုံး ဇနီးမောင်နှံတွေအဖြစ်ပါ ဂင်းနစ်စံချိန်တင်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ Paulo Gabriel da Silva Barros နဲ့ KatyuciaLie Hoshino တို့ဖြစ်ပါတယ်။ Paulo က ဥပဒေဆိုင်ရာ အတွင်းရေးလက်ထောက်ဖြစ်ပြီး Katyucia ကတော့ အလှပြင်ခန်းမတစ်ခုရဲ့ ပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ အရပ်အမြင့်ကြောင့် လူရာမဝင်ဖြစ်ခဲ့ရတဲ့ သူတို့နှစ်ဦးမှာ အွန်လိုင်းပေါ်ကနေ စတင်ဆုံစည်းခဲ့တာဖြစ်ပြီး တစ်ဦးရဲ့အားနည်းချက် အပြန်အလှန် ကိုယ်ချင်းစာနိုင်ခဲ့ကြရင်းနဲ့ ချစ်ကြိုက်သွားခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ချစ်ခရီးလမ်းက လွယ်ကူချော့မွေ့မှုတော့ မရှိခဲ့ပဲ လမ်းခွဲဖို့အထိပါ ဖြစ်ဖြစ်ခဲ့ရပါတယ်။ သို့ပေမယ့်လည်း အခက်အခဲတွေ ကြားထဲကနေပဲ Paulo နဲ့ Katyucia တို့ ရွှေလက်တွဲခဲ့ကြပြီး ကမ္ဘာပေါ်မှာ အရပ်အပုဆုံး ဇနီးမောင်နှံစုံတွဲအဖြစ်နဲ့ပါ ဂင်းနစ်စံချိန်တင်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီလို ဂင်းနစ်စံချိန်တင်သွားနိုင်ခဲ့တဲ့ Paulo နဲ့ Katyucia တို့နှစ်ဦးဟာ နှစ်ယောက်ပေါင်းမှ အရပ် ၇၁.၄၂ လက်မအထိသာရှိပြီး ငါးလက်မတောင် မပြည့်မိပါဘူး။ အခုလို ဂင်းနစ်စံချိန်တင်နိုင်ခဲ့ခြင်းအပေါ် Paulo တို့နှစ်ဦးဟာ " ဒီစံချိန်သစ်ကလေ ကျွန်တော်တို့နှစ်ဦးရဲ့ အတိတ်က အနှိမ်ခံခဲ့ရတာတွေကို လုံးဝပြောင်းလဲသွားပြီး လူတွေက ကျွန်တော်တို့အပေါ် အမြင်တစ်မျိုး ပြောင်းလဲသွားစေနိုင်ခဲ့တယ်။ အရာအားလုံးဟာ လူတိုင်းညီတူညီမျှ ဖြစ်နေဖို့ လိုအပ်ပါတယ် " လို့ ပြောဆိုခဲ့ပါတယ်ခင်ဗျာ။

သစ်ထူးလွင်

No comments:

Post a Comment